နောက်တစ်နေ့ မနက် မှာလဲ လုပ်နေကျအတိုင်း ဒိုယောင်းဘာဂါ ထားပြီးထွက်ခဲ့ လိုက်သည်။အခန်းပြင်ကနေကြည့်နေတုန်း
"Hyung ဒိုယောင်းHyung မလား " ဒိုယောင်းအော်နေတဲ့သူရဲ့ပါးစပ်ကိုအမြန်ပိတ်ပြီး အကောင်ပေါက်ကို လှမ်းကြည့်ရသည်။သူ့ခမျာ ဘာဂါစားလျက်တန်းလန်းအံ့သြတကြီးနဲ့ နှုတ်ခမ်းဆူပြီးကြည့်နေရှာတာ။
^Ash အသဲယားစရာလေး ^ စိတ်ထဲကနေရေရွတ်ပြီး အော်နေတဲ့ တစ်ယောက်ကို ဆွဲခေါ်လာရသည်။တခြားသူတော့မဟုတ် ကျွန်တော့ညီ ဝမ်းကွဲ So Junghwan ပင်။"အား Hyung လွှတ်အုံး"
"ဘာလို့အော်တာလဲ Junghwan ahh ဒါမယ့် မင်းကိုကျေးဇူးတင်တယ် မုန့်စားမလား😉" မူပိုင်wink လုပ်ပြီး Junghwan ကိုမေးလိုက်သည်။
" ကျွန်တော်ကလေးမဟုတ်တော့ဘူးHyung ရရော့ ဒါတီလေး ထည့်ပေးလိုက်တာ"
"ဘာတွေလဲ ""Hoodieတွေတဲ့ ဂရုစိုက်တဲ့သွားပြီHyungရာ"
"ဟမ် အေးအေး"
omma ကတော့ စိတ်ပူနေတော့တာဘဲ။btw ဘာလိုလိုနဲ့ ဆောင်းတွင်းရောက်တော့မှာဘဲ အတန်းတွေပြီးရင်ငါလဲ အိမ်ပြန်ရတော့မှာ သူကရော...
***Hyunsuk ဟိုတစ်ယောက်ထားပေးသွားတဲ့ဘာဂါစားနေရင်း အသံကြားတာကြောင့်လှမ်းကြည့်တော့ သူကအခန်းပေါက်နားမှာဘဲ ။သူအမြဲတမ်းစောင့်ကြည့်နေခဲ့တယ်ထင်တယ်။ရှက်စရာကောင်းလိုက်တာ...
"ဟိုမင်း ပါးစပ်မှာပေနေတယ်" ဟျွန်းဆော့ဘေးသို့ ဒိုယောင်းရောက်လာပြီးပြောသည်။
"ဘယ်နားလဲ " ဟျွန်းဆော့ လက်နဲ့ သုတ်ပေမယ့် ပေနေတဲ့ေနရာမရောက်ဘူးထင်သည်။ရှေ့ကလူက ပြုံးစိစိနဲ့။
"လာ ငါကိုယ် သုတ်ပေးမယ် " ဆိုပြီး ဒိုယောင်းအရှေ့တိုးခိုက် နောက်ကနေ တစ်ယောက်ကခုံကိုတွန်းလိုက်တာကြောင့်
ကျီ ~~
ပြွတ်စ်
နူးညံ့တဲ့အသားဆိုင် နှစ်ခုက ထိကပ်မိသွားသည်။ဟျွန်းဆော့ အလန့် တကြား အမြန်ထရပ် မိသည်။" ဟို ငါ ငါ toilet သွားအုံးမယ်" ဆိုကာ ပြေးထွက်လာမိသည်။
" အားးးးးးး နူးညံ့လွန်းလို့ ရူးတော့မှာဘဲ " ကင်မ်ဒိုယောင်းထအော်လိုက်တဲ့ အသံကြောင့် တစ်ခန်းလုံးဆီ မျက်လုံးများသည် သူ့ဆီ၌စုတည်ကုန်သည်။(ဇမ လဲပါပါတယ်)