ယိုရှီစာသင်ခန်းထဲရောက်တာနဲ့ ဖုန်းထုတ်ပြီးတစ်စုံတစ်ယောက်ကိုဖုန်းခေါ်လိုက်တယ်
TREASURE ရဲ့ SLOW MOTION သီချင်းသံလေးထွက်ပေါ်လာတဲ့ဖုန်းကြောင့် ကုတင်ပေါ်မှာ အိပ်စက်နေတဲ့သူနိုးသွားပြီး ဖုန်းကိုလှမ်းကိုင်လိုက်တယ်
"ဟယ်လို"
"ကိုယ်စာသင်ခန်းထဲရောက်ပြီ မောင်လည်းထတော့ ၁၀နာရီအတန်းရှိတယ်ဆို"
"အင်း"
"ပြန်မအိပ်နဲ့တော့နော် မောင့်အတွက်မနက်စာလုပ်ပေးထားတယ် စားပွဲပေါ်မှာ"
"ဟုတ်ပါပြီ"
"ဒါပဲနော်"
"ချစ်တယ် ယိုရှီ"
"အင်း မောင့်ကိုလည်းချစ်တယ်"
ဖုန်းကျသွားတော့မှဘေးမှာထိုင်နေတဲ့ မာဟီရို ကစကားစလာတယ်
"အမလေး အချစ်ရဲ့ရနံ့တွေ အချစ်ရဲ့ရနံ့တွေ"
"ဘာဖြစ်လဲ?မင်းအားကျနေတာလား?"
"မကျပါဘူး တစ်ယောက်တည်းပဲကောင်းတယ်"
"ဟုတ်ပါပြီ"
မာရှီအတန်းချိန်ပြိးတာနဲ့ ယိုရှီရဲ့ကျောင်းကိုလာခဲ့လိုက်တယ်
"မောင် ကိုယ်ဒိီမှာ"
မာရှီ ယိုရှီဆီသွားလိုက်ပြီးသူ့နားမှာဝင်ထိုင်လိုက်တယ်
"ဘာလို့လာတာလဲ?အဝေးကြီးကို"
"ယိုရှီကိုလွမ်းလို့လေ"
"ရား ငါရှိသေးဝာယ်လေကွာ"
"မကြားချင်နားပိတ် မမြင်ချင်မျက်လုံးမှိတ်ထား"
"ဟွန့် ဒါနဲ့ယိုရှီ မင်းရဲ့ကိုရီးယားပညာသင်ဆုကဘယ်လိုလဲ?"
"နောက်လသိရမှာ"
"မောင့်ရဲ့ယိုရှီလေး ရင်ခုန်နေပြီလား?"
YOU ARE READING
မောင်
Fanfictionမောင် ကိုယ့်အနားမှာ မရှိတဲ့ရက်တွေတိုင်းမိုးတွေအရမ်းရွာတယ် မိုးရွာတဲ့အချိန်တိုင်း မောင့်ကိုလွမ်းတဲ့အလွမ်းကနှစ်ဆပိုတယ် 💟 12.8.2022(FRI)