"မင်းဘာပြောလိုက်တာ?"
"မာရှီဟိုဆုံးသွားပြီ"
"ဘာဖြစ်တာလဲ?ဘယ် ဘယ်လို"
"မင်းခနထိုင်လိုက်ပါအုံး ငါပြောပြမယ်"
ကျတော့်ရဲ့စကားအတိုင်းထိုင်ခုံမှာထိုင်ချလိုက်ပြီးကျတော့်ကိုကြောက်လန့်နေတဲ့မျက်ဝန်းတွေနဲ့ကြည့်လာတာ
"လွန်ခဲ့တဲ့ခြောက်နှစ် မင်းတို့ငါးနှစ်မပြည့်ခင်တစ်လ အဲ့ချိန်သူမှာသွေးကင်ဆာနောက်ဆုံးအဆင့်ရဲ့အစကိုသူရောက်နေပြီ ဒီအမျိုးသမီးက ငါ့အမျိုးသမီး သူကဆရာဝန်ပဲ မင်းကိုလမ်းခွဲဖို့ညာခဲ့တာ"
"ဘာလို့လဲ? ဘာလို့လဲ?"
"မင်းသူ့ကိုအရမ်းချစ်တာသူသိတယ် သူ့မှာရောဂါရှိနေမှန်းသိရင်မင်းဝမ်းနည်းမှာစိုးလို့ သူမင်းကိုလိမ်ခဲ့တာ မင်းတို့ငါးနှစ်ပြည့်မှာသူတနေကုန်မူးလဲနေတာ သူသတိရတော့မင်းဆီလာဖို့ကြိုးစားခဲ့ပါသေးတယ် ဒါပေမယ့်ငါတားခဲ့တာ လွန်ခဲ့တဲ့ငါးနှစ်ကပဲသူဆုံးသွားပြီ နောက်ပြီးသူ ဒါလေးမင်းကိုပေးခိုင်းခဲ့တယ်"
"လိမ်နေတာ ဟုတ်တယ်မလား? မောင်လိမ်နေတာ ငါသိတယ် မောင်မသေဘူး မောင်အသက်ရှိတယ် ဒါလည်းမယူဘူး မောင်ဘယ်မှာလဲ? "
"သားငယ်စိတ်ထိန်း စိတ်ထိန်း"
"ယိုရှီ"
"မာဟီရို သူတို့လိမ်နေတာမလား?"
"သူတို့ပေးတာလေးကိုအရင်ဆံုးကြည့်လိုက်ပါ"
သူ့သူငယ်ချင်းကိုကြည့်ပြီး ကျတော်ပေးတဲ့စက္ကူဘူးေလးကိုဆွဲယူလိုက်တယ် ဘူးထဲမှာက ကင်မရာလေးတစ်လုံးနဲ့စာရွက်တွေ သူက ကင်မရာကိုဖွင့်လိုက်တော့
"မောင့်ရဲ့ယိုရှီ အာညော် ဟားဟား မောင်ရုပ်ဆိုးနေတယ်မလား?မောင်တောင်းပန်ပါတယ် ယိုရှီကိုဝမ်းမနည်းစေချင်တာမလို့ ဒီလမ်းကိုရွေးခဲ့တာ ဒါကြောင့်ယိုရှီပျော်နေရမယ်နော် ယိုရှီ ဒီဗီဒီယိုကိုကြည့်နေချိန်မောင်ကဒီလောကကြီးမှာမရှိတော့ဘူး ငိုနေပြီလား? မငိုရဘူးနော် မောင့်ရဲ့ယိုရှီကအရမ်းတော်တဲ့သူ ယိုရှီရဲ့ရည်မှန်းချက်တွေအတိုင်းယိုရှီလုပ်နိုင်မယ်လို့ မောင်ယုံကြည်တယ် မောင်လေယိုရှီကိုအရမ်းလွမ်းတာပဲ ယိုရှီကိုနမ်းချင်တယ် ဖက်ချင်တယ် ယိုရှီပြင်ပေးတဲ့မနက်စာလေးတွေစားချင်သေးတယ် မဖြစ်နိုင်တော့ဘူးမလား? အာ မောင်ပြောရအုံးမယ် ဒန့် တန့် တန့် ဒါကလေ မောင်တို့အတူနေခဲ့တဲ့တိုက်ခန်းကိုမောင်ဝယ်ခဲ့တာ ငါးနှစ်ပြည့်မှာစပရိုက်လုပ်မလို့ပဲ ဒါပေမယ့်မောင်မလာနိုင်ခဲ့ဘူး နောက်ပြီးဒီဘဏ်ကဒ်ထဲမှာ မောင်စုထားတာလေးတွေရှိတယ် ယိုရှီနဲ့လက်ထပ်ဖို့စုခဲ့တာ အခုတော့လက်မထပ်နိုင်တော့ဘူး မောင်ယိုရှီကိုအရမ်းချစ်တယ် မျက်ရည်ကျအောင်လုပ်ခဲ့မိလို့တောင်းပန်ပါတယ် နောင်ဘဝဆိုတာရှိရင်ယိုရှီဘေးနားမှာပဲနေဖို့ရွေးချယ်မယ် မောင့်ကိုချစ်ရင် ကိုယ့်ကိုယ်ကိုအပြစ်မတင်ပဲ နေ့ရက်တိုင်းပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရမယ်နော် ယိုရှီချစ်တဲ့မောင်"
YOU ARE READING
မောင်
Fanfictionမောင် ကိုယ့်အနားမှာ မရှိတဲ့ရက်တွေတိုင်းမိုးတွေအရမ်းရွာတယ် မိုးရွာတဲ့အချိန်တိုင်း မောင့်ကိုလွမ်းတဲ့အလွမ်းကနှစ်ဆပိုတယ် 💟 12.8.2022(FRI)