အထက်တန်းပထမနှစ်
ကျတော်မနက်အစောကျောင်းလာရင်း လူတစ်ယောက်နဲ့ဝင်တိုက်ခဲ့မိတယ် သူကကျတော့်ထက်အရပ်အနည်းငယ်ပိုရှည်တယ် သူ့ရဲ့မျက်လုံးတွေကကြယ်တွေလိုမျိုးတလက်လက်တောက်ပနေတာ သူ့ဝတ်စုံကကျတော်တို့ကျောင်းဝတ်စုံနဲ့အတူတူပဲမလို့ ကျတော်တို့ကျောင်းကမှန်းချက်ချင်းသိလိုက်ရပါတယ်
"ဆောရီး"
"ရပါတယ်"
လူကချောသလောက်အသံကလည်းချိုနေတာပဲ မြင်မြင်ချင်းအချစ်ဆိုတာဒါမျိုးဖြစ်မယ် တစ်ခေါက်လောက်မထင်မှတ်ပဲဆုံခဲ့ရာကနေ သူ့ရဲ့ပုံရိပ်ကိုလုံးဝမေ့မရတော့ဘူး သူ့ကိုထပ်တွေ့ချင်လို့လိုက်ရှာနေတာ အချိန်သာတစ်ပတ်ကုန်သွားတယ် သူ့ကိုလုံးဝမတွေ့ရသေး ဆေးလိပ်ခိုးသောက်ဖို့ကျောင်းအိမ်သာထဲဝင်လာတော့ လက်ဆေးနေတဲ့ကျောင်းသားရဲ့ပုံရိပ်ကကျတော့ကိုဖမ်းစားသွားတယ် သူပဲ
"ဟယ်လို ငါကမာရှီဟို အထက်တန်းပထမနှစ်က မင်းနဲ့ခင်ချင်လို့"
"ငါကဒုတိယနှစ်က"
ထွက်သွားဖို့ပြင်နေတဲ့သူ့လက်ကိုလှမ်းဆွဲပြီး
"နာမည်ပြောပြလေ"
"ယိုရှီ ယိုရှီနိုရီ"
အဲ့နေ့ကစပြီးအထက်တန်းဒုတိယနှစ်အခန်းရှေ့မှာ ကျတော့်ကိုကျောင်းဆင်းချိန်တိုင်းမြင်တွေ့နေရတာပါပဲ သူ့အနားမှာတောက်တဲ့ကးလိုတွယ်ကပ်လာတာ သူကစာသိပ်တော်တာ သူ့ရဲ့ရည်မှန်းချက်က ကိုရီးယားနဲ့ဂျပန်မှာ ကုမ္မဏီထောင်ချင်တာ
"မင်းစာလုပ်စရာမရှိဘူးလား?"
"မရှိဘူး"
"ဘာလို့ငါ့နားမှာကပ်နေတာလဲ?"
"ကျတော် ယိုရှီကိုချစ်လို့"
YOU ARE READING
မောင်
Fanfictionမောင် ကိုယ့်အနားမှာ မရှိတဲ့ရက်တွေတိုင်းမိုးတွေအရမ်းရွာတယ် မိုးရွာတဲ့အချိန်တိုင်း မောင့်ကိုလွမ်းတဲ့အလွမ်းကနှစ်ဆပိုတယ် 💟 12.8.2022(FRI)