အိမ်ထဲရောက်မှ လမ်းမှာသည်းခံခဲ့သမျှအကုန်ပျောက်ကွယ်သွားပြီး ကျဆင်းခွင့်ေတာင်းေနတဲ့မျက်ရည်တွေကိုကျဆင်းခွင့်ပေးလိုက်တယ် မာဟီရို ကကျတော့်ကိုဖက်ပြီးနှစ်သိမ့်ပေးတယ်
"ငါနောက်တစ်ခေါက်ထပ်မငိုတော့ပါဘူး"
"မင်းငိုရင်လည်းရတယ် ငါမင်းအနားမှာအမြဲရှိနေပေးမယ်ဒါပေမယ့် သူ့ကြောင့်တော့ထပ်မငိုပါနဲ့တော့ မင်းပင်ပန်းနေပြီ"
သေချာပေါက်ဒါဟာ သူ့ကြောင့်နောက်ဆုံးငိုခြင်းပါ မနက်ဖြန်ကစပြီး သူ့အတွက်ထပ်ပြီးမျက်ရည်မကျတော့ဘူး
ညကဘယ်လောက်တောငါငိုမိသွားလည်းမသိဘူး နိူးလာလို့ နာရီကြည့်မိတော့ ၉နာရီတောင်ထိုးနေပြီ ရေမိုးချိုး မျက်နှာသစ်ပြီးထွက်လာတော့ ဧည့်ခန်းရဲ့ဆိုဖာပေါ်မှာ လဲအိပ်နေတဲ့ မာဟီရို ကျတော်သိတာပေါ့ မာဟီရို ကျတော့်အပေါ်ဘယ်လိုခံစားနေရသလဲဆိုတာ ဒါပေမယ့် ကျတော့်အတွက်သူက သူငယ်ချင်း ဒါမှမဟုတ် ညီအကို တစ်ယောက်ထပ်မပိုနိုင်ခဲ့ဘူး
"မာဟီရို ထတော့ နေ့လည်အတန်းရှိသေးတယ်"
"အင်း မင်းတောင်နိုးနေပြီလား?"
"သွား ရေသွားချိုးလိုက် ငါစားဖို့တစ်ခုခုလုပ်ထားမယ်"
"အင်း"
မာဟီရိုက ကျတော့်အတွက်တကယ့်အဖော်ကောင်းပါပဲ ပေါင်မုန့်ကြက်ဥကြော်နဲ့ ကော်ဖီ စားခဲ့ပြီး ကျောင်းကိုထွက်လာလိုက်တယ် မောင်အနားမှာမရှိတာ တစ်ပတ်ကြာပြီ အပြင်မှာဟန်ဆောင်မှုအပြည့်နဲ့ အဆင်ပြေနေပေမယ့်လည်း မောင်နဲ့အတူရှိခဲ့ဖူးတဲ့ ဒီအခန်းထဲရောက်ရင်တော့ ကျတော်အမြဲပြိုလဲနေရတာပါပဲ
"ယိုရှီနိုရီကွန် ဆရာမက အခန်းထဲလာခဲ့ပါအုံးတဲ့"
"အင်း ငါသွားလိုက်မယ်"
"နောက်တစ်ပတ်ရဲ့ပိတ်ရက်ကိုနောက်ဆုံးထားပြီး ကိုရီးယားကိုသွားရမယ် ယိုရှီကွန်"
YOU ARE READING
မောင်
Fanfictionမောင် ကိုယ့်အနားမှာ မရှိတဲ့ရက်တွေတိုင်းမိုးတွေအရမ်းရွာတယ် မိုးရွာတဲ့အချိန်တိုင်း မောင့်ကိုလွမ်းတဲ့အလွမ်းကနှစ်ဆပိုတယ် 💟 12.8.2022(FRI)