Uni
အပိုင်း - ၁
အဖြူရောင်စည်းလေး ခြားနေပေမယ့်
နက်ရှိုင်းမှုများလာလေ ရစ်တွယ်မှုများလာလေပဲ
စည်းထဲကနေပြီးတော့သာ
အမြတ်တနိုးငေးမောကြည့်ချင်မိရဲ့
ငါတော့ အောက်ချင်းငှက်တွေကိုသာ အတုယူမိပြီ။
//
အပြာရောင်ကောင်းကင်ကြီးက ပုံမှန်နဲ့မတူစွာ အုံ့မှိုင်း ရီဝေလျှက်။လွမ်းဆွေးဖွယ် ကောင်းလှပေသည်။ သို့ပေမယ့် ထိုအုံ့မှိုင်းနေတဲ့ ကောင်းကင်ကြီးအောက်ဝယ် ဆင်တူအရောင်ကွဲထီးနှစ်ချောင်းဆောင်းထားသည့် ကောင်ငယ်လေးနှစ်ဦးက ရယ်မောပျော်ရွှင်လျှက်။
အနီရောင် ထီးနှင့်အတူ အနက်ရောင်ထီးလေးက ပနံတင့်စွာ လိုက်ဖက်လွန်းလှ၏။ထိုထီးပိုင်ရှင်နှစ်ဦးမှာ အထက်တန်းကျောင်းသားအရွယ် ကောင်ပေါက်လေးများသာ။ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ Logo ပါတဲ့ ဆင်တူဝတ်စုံလေးဝတ်ထားကြသည်မှာ မြင်ရအေးချမ်းလွန်းလှသည်။
ဒီနေ့ ထိုကောင်လေးနှစ်ယောက်ရဲ့ မိဘတွေက လာရောက်ကြိုဖို့ မအားသောကြောင့် တဖွဲဖွဲကျနေသော မိုးရေထဲမယ် စိတ်နှင်ရာလူပါပြီး လွတ်လပ်စွာ ပျော်ရွှင်ရယ်မောနေကြသည်။ထီးတံဆက်မြိတ်မှ ကျလာသည့် ရေစက်လေးတွေကို လက်ဖြင့်ခံယူပြီး တစ်ယောက်ကို တစ်ယောက် ပက်ဖြန်းနေကြသည်။
မိုးစက်တွေကျလာသည့် မျက်နှာဟာ စိတ်ဆိုးခြင်း အလျဥ်းမရှိပေ။မျက်လုံးလေးတွေ မှိတ်ကျသွားသည်အထိ ရယ်မောနေသည်မှာ အပြစ်ကင်းစင်လွန်းလှပေသည်။
" ဒီလိုကျတော့လဲ ပျော်စရာကြီးနော်Taehyung နေ့တိုင်းဒီလို လွတ်လွတ်လပ်လပ်နေရရင် ဘယ်လောက်ကောင်းလိမ့်မလဲ "
အရပ်မြင့်မြင့်ကောင်လေးဆီမှ ထွက်လာသည့် စကားကို ဆံပင်ကောက်ကောက်နဲ့ ကောင်လေးက
YOU ARE READING
မောင့်မီးအိမ်ငယ်(ေမာင့္မီးအိမ္ငယ္)
FanfictionJeon Jungkook မေတ္တာတွေဟာ စစ်မှန်တာမို့ သံသရာတစ်လျှောက် မင်းနဲ့ပေါင်းဖက်ရချင်တယ်။ Kim Taehyung မောင်နဲ့ပတ်သက်လာရင် အတ္တကြီးချင်မိပေမယ့် ပင်ပန်းလာရရင် အဝေးကနေပဲ ငေးကြည့်နေချင်တော့တယ်။ Start Date..... 11.8.2022