အပိုင်း - ၄

15 5 4
                                    


Uni

မင်းပေးတဲ့မွေးနေ့လက်ဆောင်ကို
သိပ်သဘောကျတယ်

မင်းကဘုရားသခင်ပေးတဲ့
အကောင်းမွန်ဆုံးလက်ဆောင်မို့ မြတ်နိုးတယ်

မင်းက ကိုယ့်အတွက် ပြည်တန်ပတ္တမြားထပ်
ပိုတန်ဖိုးကြီးတယ်  ချစ်သော

//
      
      မနက်ခင်းလင်းရောင်ခြည်လေးဟာ Taehyung  ရဲ့ မျက်နှာပေါ်ထိုးဖြာကျလာသည်။တစ်ပင်ချင်းစီ ထိုးစိုက်ထားသလား အောက်မေ့ရသည့်  မျက်ခုံးတန်းလေးတွေဟာ ခပ်လှုံ့လှုံ့။ဖြောင့်စင်းနေသည့် နှာတံ။ခပ်ရဲရဲစိိုစို  မထူမပါးနှုတ်ခမ်းသားတစ်စုံ။မွှေးညှင်းလေးတွေဟာ ပါးပေါ်မှာ နေရောင်ထိုးမှသာ တွေ့မြင်နိုင်သည်။ကော့ဖြာနေသည့် မျက်တောင်နှစ်လွှာဟာ  အလျင်စလို မကွဲကွာသွား။ပုတ်ခတ်ပုတ်ခတ်ဖြင့်  နောက်ဆုံးမှာတော့  မျက်လုံးနှစ်လုံးဟာ ပွင့်ထွက်လာခဲ့သည်။

         ဒီနေ့ဟာတန်ဖိုးအထားရဆုံး ကောင်လေးရဲ့မွေးနေ့လေး။သူအချစ်ရဆုံး အမျိုးသားဟာ အသက်တစ်နှစ်ကြီးလာပြန်သည်။နောက်ဆုံးတော့ ထိုလူသားလေးဟာ တစ်ဆယ့်ရှစ်နှစ် တင်းတင်းပြည့်ခဲ့ပြီ။သူတို့နှစ်ယောက်ဟာ  ခုဆိုအထက်တန်းနောက်ဆုံး​နှစ်ကျောင်းသားများပင် ဖြစ်လာပေသည်။မောင့်အတွက် မွေးနေ့လက်ဆောင်ကို မည်သူမျှမပေးဖူးတာ၊ပေးဖို့မစဥ်းစားမိတာကို ပေးဖို့စဥ်းစားထားသည်။အတွေးတွေကလဲ လျင်မြန်စွာအလုပ်လုပ်သလို လူသည်လဲ အိပ်ယာမှ ကုန်းရုန်းထလိုက်သည်။

    အိမ်တွင်အိမ်စေများစွာရှိပေမယ့်  Taehyung ကိုယ့်အခန်းသန့်ရှင်းရေးကိုကိုယ့်ဘာသာ လုပ်သည်။မိုးပြာရောင်စောင်ထူထူကို ညီညီညာညာ ခေါက်လိုက်ပြီး ကုတင်ခြေရင်းတွင်ခဏထားကာ အိပ်ယာခင်းကို ပြန့်နေအောင် အနားစတွေကို ခပ်တင်းတင်းလေးဆွဲလိုက်ပြီး  စောင်ကိုသေချာစွာထားလိုက်သည်။ခေါင်းအုံးနှစ်လုံးကို လက်ဖြင့်နှစ်ချက်ခန့် ခပ်ပြင်းပြင်းပုတ်လိုက်ပြီး  ကုတင်ခေါင်းရင်းမှာ တစောင်းလေးထား ထားလိုက်သည်။ဖက်လုံးကိုကာ ကုတင်အလယ်မှာ အလျားလိုက်အနေထားအတိုင်း နေရာပေးလိုက်သည်။ 

    မောင့်မီးအိမ်ငယ်(ေမာင့္မီးအိမ္ငယ္)Where stories live. Discover now