အပိုင်း - ၂

22 8 0
                                    


Uni

ငါအကြောက်ဆုံးအရာဖြစ်လာတော့ 

ကြောက်စိတ်တွေ မွှန်ထူသွားတယ် မောင်

တားမြစ်တာ မင်းအတွက်ချည်းပါပဲ

ချုပ်ချယ်တယ်လို့တော့မြင်စေချင်ဘူး

//

     " ငါဒီနေရာမှာ ဆေးလိပ်လာခိုးသောက်နေကြ"

ထိုအသံကို ကြားလိုက်ရတာ ဘေးနားမှာတင် မိုးကြိုးပစ်ချလိုက်သကဲ့သို့  ကြောက်လန့်တကြားဖြစ်မိသည်။ဘယ်အချိန်ကနေ ဘယ်လို။Jungkook ကဆေးလိပ်သောက်တက် နေသည်တဲ့။ဒါ Taehyung စကားနားမထောင်တာ။repeater အကိုကြီးတွေနဲ့ ပေါင်းပြီး မဟုတ်မဟက်တွေ လုပ်လာတာ။ဆေးလိပ်တင်ပဲလား ဒါမှမဟုတ် တခြားအဆင့်ထိ တိုးသွားပြီလားတောင် မသိပေ။ 

     အံ့သြသွားသည်မှာ အထင်အရှားဖြစ်နေသည့် Taehyung မှာ မျက်လုံးတွေပြူးကျယ်သွားသလို ပိုက်ကိုငုံထားသည့် ပါးစပ်ပင် ဟ သွားသည်က တော်ရုံတန်ရုံမဟုတ်ပေ။စိတ်ဆိုးသွားနိုင်သည် Taehyung စိတ်ဆိုးသွားမှာအသေချာပင်။

    တစ်ခဏတာတိတ်ဆိတ်သွားမှုကို 

" ဘယ်ချိန်ကတည်းကလဲ ၊ဘယ်ချိန်ကတည်းက သောက်တက်နေတာလဲ Jungkook "

  ပုံမှန်အေးဆေးစွာ စကားပြောတက်သော်လည်း ဒီတစ်ခါမှာ​တော့ အလွန်တရာအေးစက်မှုတွေ ပါဝင်နေသည်။Taehyung ရဲ့မျက်လုံးကို မလုံမလဲနှင့်ပြန်ကြည့်ပြီး

  "  အထက်တန်းဒုတိယနှစ်စကတည်းက ဟိုငါလေ  "

"  တော်တော်တောင် ကြာပြီပဲ၊ ပိရိလွန်းလိုက်တာ repeater အကိုကြီးတွေနဲ့ပေါင်းမိပြီး သောက်ဖြစ်သွားတယ်ဆိုပါတော့...." 

အေးစက်စက် မေးခွန်းတွေဟာ အင်မတန်မှရင်ထိတ်ဖို့ကောင်းလွန်းလှပေသည်။အထက်တန်းစတက်ကတည်းက Taehyung က rp အကိုကြီးတွေနဲ့ မပေါင်းဖို့၊မေးထူးခေါ်ပြောသာလုပ်ဖို့ သတိပေးထားသော်လည်း  မနာခံမိပေ။ 

  " အင်းဟုတ်တယ် Taehyung " 

မှန်သောစကားတွေကိုသာ ဖြေကြားလာသည်မို့  အဆင်ပြေသော်ငြားလည်းပဲ သူအတန်တန်မှာထားသည့် ကိစ္စကိုမှ Jungkookကမနာခံ။ရှေ့ကွယ်ရာမှာ ဟုတ်၊ဟုတ်ကဲ့ဆိုပြီး ​မမြင်ကွယ်ရာမှာ လုပ်ချင်တာလုပ်တက်သည့် လူတွေကို Taehyung မုန်းလွန်းလှသည်။ထိုလူတွေထဲ Jungkook ပါ ပါလာတော့ပိုခံပြင်းမိသလို စိတ်မကောင်းလဲဖြစ်မိသည်။ 

    မောင့်မီးအိမ်ငယ်(ေမာင့္မီးအိမ္ငယ္)Where stories live. Discover now