အပိုင်း - ၃

15 6 0
                                    


   Uni


နေနိုင်စွာ ပွင့်အံလာတဲ့ ချစ်စကားတွေက

ကမောက်ကမနိုင်လွန်းပေမယ့်  မင်းကိုချစ်တယ်

မင်းရှိနေရင် အရာရာဟာ  လုံခြုံမှုရှိပြီး 

လှပနေတယ်လို့ ထင်မိတယ် မောင်

ကာဗွန်ဒိုင်အောက်ဆိုဒ်များတဲ့လေထုတောင် 

လတ်ဆတ်နေတယ်လို့ ထင်မိတဲ့အထိပါပဲ

//

     ထိုစကားလုံးတစ်လုံးကို လုံးဝနားမလည်နိုင်ပေ။မည်သူ့ကိုရည်ညွှန်းသနည်း။Taehyung ကကောင်လေးထားနေပြီတဲ့လား။ပြီးတော့ မောင် လို့ခေါ်တာတဲ့။ရူးချင်သွားတယ် စကားလုံးလေးတစ်လုံးလေးက တစ်ခဏတာအမှောင်ဖုံးသွားစေပြီး နတ်ဆိုးတစ်ကောင်လိုအရိုင်းဆန်ချင်လာသည်။ကိုယ်က ​ခြေတစ်လှမ်းနောက်ကျသွားသည်ပေါ့။မြိုသိပ်ထားရတာတွေက အလကားဖြစ်သွားရပြီ။မျက်စိမှိတ်ကာ အသက်ကိုပြင်းပြင်းရှုပြီး  အံကြိတ်ထားကာ 

  " မောင်ဆိုတာ ဘယ်သူ့ကိုပြောတာလဲ  " 

   တိတ်ဆိတ်နေရာမှ ထွက်လာသည့် မေးခွန်းက ကြောင်တောင်တောင်နိုင်လှသည်။ဘာတွေလာပြောလာမေးနေမှန်းကိုမသိ။အဆက်စပ်လဲရှိတာမဟုတ်။Taehyung ဂျိူကြည့်ကြည့်ပေးကာ

" ဘာတွေလာမေးနေတာလဲ "

" ဒီဒိုင်ယာရီမှာရေးထားတယ်လေ မောင်တဲ့ ဘယ်ကောင်ကိုပြောချင်တာလဲ .....ဘယ်ကောင်နဲ့ဘယ်တုန်းကတည်းက တွဲနေတာလဲ  "

" မသိဘူး...ဘယ်ကောင်နဲ့မှလဲမတွဲဘူး  ငါကသာတစ်ဖက်သတ်ဖြစ်နေတာ ငါကသာအရူးလိုအရူးမူးဖြစ်နေတာ  "

" ပြော ဘယ်ကောင်လဲ .....ဘယ်အတန်းကလဲ ဘယ်ကတည်းကသဘောကျနေတာလဲ  "

" ငယ်ငယ်ကတည်းက....ဘယ်သူလဲတော့မပြောချင်ဘူး "

" မရဘူး ပြောရမယ် ပြောကိုပြောရမယ် Taehyung "

    မောင့်မီးအိမ်ငယ်(ေမာင့္မီးအိမ္ငယ္)Where stories live. Discover now