#For Unicode
တံခါးခေါက်သံကြားသည်နှင့် အပြင်သွားရန် အဆင်သင့် ဖြစ်နေသော မဒီးသည် တံခါးပြေးဖွင့်ရတော့သည်။ ထိုအခါ ပျက်ယွင်းနေသော မျက်နှာနှင့် နွေရိပ်လွှာအား စိတ်မချမ်းမြေ့ဖွယ် တွေ့လိုက်ရပါ၏။ မျက်နှာက ပျက်ယွင်းနေသော်လည်း လန်ပြန်ထွက်အောင်တော့ ဝတ်စားထားတာပင်။
"နွေ..မသွားခင် စကားအရင်ပြောကြမလား"
နွေရိပ်လွှာက မဒီးအား ခေါင်းညိတ်ပြကာ အခန်းထဲသို့ ဆူပုတ်စွာ ဝင်လာခဲ့သည်။
"ထက်မြက် ကိစ္စက မနေ့ညက ပြောသလို တကယ်ပဲလား နွေ"
နွေ့ မျက်ဝန်းတွေမှာ ဒေါသအရိပ်ယောင်များ သိသိသာသာ ဖြတ်ပြေးသွားသည်။ မျက်နှာထားက အစ တင်းမာသွားလျက်။
"ဟုတ်တယ်။ အဲကောင် နွေ့ဆီတော့ ဖုန်းမဆက်ဘဲ သူ့အိမ်ကို ဆက်သတဲ့။ ဒါတောင် နွေက သူ့အိမ်အထိ တကူးတက သွားမေးမှ သိလာခဲ့တာ။ ပိုက်ဆံမပေးချင်ရင်လဲ ဒီနည်းနဲ့တော့ အဆက်အသွယ် မဖြတ်သင့်ပါဘူး
မဒီးရယ်။ နွေ့မှာလေ ကျန်တဲ့ ငွေတစ်ဝက်ကို ဘယ်က ရှာရမှန်းမသိ ပူလောင်လိုက်တာ။ ဒယ်ဒီက သူ့ကိစ္စတွေနဲ့ ပိုက်ဆံစစ်တဲ့ဘက် မလှည့်နိုင်လို့ တော်သေးတယ်။ ပြီးတော့ အဆိုးဆုံးက သူ့ ညီ။ နွေ့ကို မျက်နှာသိ မျက်နှာထားနဲ့၊ နွေ ပြုံးပြတာတောင် မသိချင်ယောင်ဆောင်ပြီး အခန်းထဲ ဝင်သွားတယ်"မဒီး နွေ့ကိုကြည့်ကာ သက်ပြင်းချမိသည်။
"မဟုတ်သေးပါဘူး နွေရယ်။ ထက်မြက်က အဲလို လုပ်မဲ့ ပုံလေးတော့ မဟုတ်ပါဘူး။ သူပေးချင်လို့တောင် သွားတာပဲ ဟာကို။ တစ်ခုခုများ.."
"အို တော်ပါ။ နွေတို့ ကိစ္စက ဒီတစ်ခါတော့ အဆုံးသတ်ပြီထင်တယ်။ နွေ စိတ်မပါတော့ဘူး။ ရှင်းရှင်းပြောရရင် မောင်က ကျောင်းမှာကတည်းက အေးတိ အေးစက်နဲ့။ king နဲ့ queen ဆိုပြီး သူငယ်ချင်းတွေ အမြှောက်ကောင်းလို့သာ တွဲဖြစ်ခဲ့ကြတာ။ ငါးနှစ်အတိုင်းတာမှာ မောင့်ဘက်က ဘာများနွေးထွေးခဲ့လို့လဲ။ နွေက ပျော်ချင်ပါးချင်ရင် တောင် သူက ဟိုဟာမကောင်းဘူး၊ သည်ဟာမကောင်းဘူးနဲ့ လိုက်ချုပ်ချယ်နေတာ။ အတိုဝတ်တော့လဲ မကြိုက်ဘူး ဘာညာနဲ့။ ကြာတော့ အဆင်ကို မပြေတော့ဘူး"
YOU ARE READING
Luigi's Empire (Complete)
Romanceဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Mafia