အပိုင်း(၃၈)

31.9K 2.4K 448
                                    

#For Unicode

ထက်မြက် ဂိမ်းဆိုင်သို့လိုက်သွားပြီး ခဏအကြာတွင် ညီအစ်ကိုနှစ်ယောက်လုံး မျက်နှာပျက်ကာ ရှူးရှူးရှဲရှဲနှင့် ပြန်လာကြသည်။ နှိုင်းမဲ့သည် စိုးရိမ်စွာ ရပ်စောင့်နေသော မိခင်ကို ကျော်လွန်၍
သူ့အခန်းဆီသို့ တချိုးတည်း ထွက်သွား၏။ ထက်မြက်သည်လည်း မြင်ရခဲသော တည်တင်းနေသည့် မျက်နှာနှင့် နှိုင်းမဲ့၏ နောက်ကို ထပ်
ကြပ်မကွာလိုက်သွား၍ မိခင်လုပ်သူမှာ ထက်မြက်လက်ကို လှမ်းဆွဲထားရသည်။

"သား..နေပါအုံး။ ညီအစ်ကိုနှစ်ယောက်
စိတ်လိုက်မာန်ပါ မဖြစ်ရဘူးနော်။ ပြေပြေ
လည်လည်ပြော"

ထက်မြက်က ဘာ့မှမပြောဘဲ ခေါင်းသာညိတ်ပြ
ရင်း နှိုင်းမဲ့ အခန်းထဲသို့ တန်းဝင်သွားသည်။
ဒေါ်ခင်ယုမော်မှာ ရင်တပူပူနှင့် သားနှစ်ယောက်၏ နောက်ကို လိုက်ရ၏။ သို့သော် အခန်းထဲ မဝင်ရဲ။ ယောက်ျားဖြစ်သူအခန်းထဲမှ ထွက်လာလျှင် မရိပ်မိအောင် တားဖို့အတွက်
သားငယ်အခန်းရှေ့တွင်သာရပ်၍ အခြေအနေကို နားစွင့်ရသည်။

"ဒါ ဘာအချိုးလဲ နှိုင်း"

ထက်မြက် မအော်မိအောင် ထိန်းထားသော်လည်း ပူပန်စိတ်ကြောင့် လေသံမှာ ပြင်းထန်နေသည်။
ညီလေး လမ်းမှားရောက်မှာ စိုးသဖြင့် ထက်မြက် ရင်တွင် တမြေ့မြေ့ကျွမ်းလောင်နေသည်။
နှိုင်းမဲ့ကတော့ ဂရုမစိုက်သည့် မျက်နှာဘေးနှင့်
မချိုမချဉ် မျက်နှာကိုမော့ထားသည်။ ထက်မြက် ပို၍ ပူလောင်နာကျင်လာသည်။ နှိုင်းသည် အရင်လို မိမိအပေါ်တွင် လေးစားမှု မရှိတော့။

"ဘာတွေက မှားယွင်းနေလဲ နှိုင်း။ ဟိုးငယ်
ငယ်ကတည်းက မင်းမျက်နှာကို ကြည့်ပြီး ကိုကြီး အစစအရာရာ လမ်းပြပေးခဲ့တယ်။ စာကြိုးစား
တယ်။ ရန်ဘယ်တော့မှ မဖြစ်ဘူး။ အရက်သေစာဆို မလွှဲသာမှ ထိတယ် ။ ဆေးလိပ်ဆို ဝေလာဝေးနှိုင်းရယ်။ အဲတာတောင် မင်းအတွက် ဖြစ်ချင်
တိုင်းဖြစ်ဖို့ သည်လောက်တောင် လွယ်ကူနေတာလား "

နှိုင်းမဲ့သည့်အစပိုင်းတွင် ဘာ့မှပြန်မပြောဘဲ
နှုတ်ဆိတ်နေသည်။

"ပြောလေ..မင်း ပြော။ ကိုကြီး သွန်သင်ဆုံးမ
ခဲ့တာတွေက အဲလောက်တောင် နားဝင်ဖို့ ခက်ခဲခဲ့တာလား"

Luigi's Empire (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ