အပိုင်း(37) part-1

27.2K 2.3K 196
                                    

AN/ သည်အပိုင်းကိုဖတ်ရင် An လေးကို အရင် ဖတ်ပေးပါနော်။ သည်အပိုင်းက ပုံ ပုံပဲ ရှိပါတယ်။ update မျှော်နေတယ်ထင်လို့ up ပေးရ
ခြင်းပါ။ ခေတ် အာရုံကြောယောင်ပြီး တံတွေးမြို
ရင်တောင် နားထင်အထိ သွားကျင်နေလို့
စာတကယ် ရေးဖို့ မတတ်နိုင်လို့ပါ။ စာဖတ်သူလေးတွေကို အများကြီး အားနာရပါတယ်။ update ကိုမကြာချင်ဘူးဆိုရင် complete ဖြစ်မှ သာလာ
ဖတ်ဖို့ တောင်းဆိုပါရစေနော်။ ခေတ် တစ်
ရက်လောက်ပဲနားပြီး ကျန်တဲ့ ပိုဒ်ကို ထပ် up
ပေးပါမယ်။ complete စောင့်ချင်တဲ့သူတွေ
အတွက်က နောက် (၁၅) ပိုင်းလောက်ဆို ပြီးပါပြီ။

.................................

#For Unicode

"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းပါ
စက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေပါ
တယ်ရှင်.."

မည်သို့မျှ မဖြစ်နိုင်သော မက်စ်ဆေ့ကြောင့် ထက်မြက် စိတ်ထဲတွင် တနုံ့နုံ့နှင့်မယုံနိုင်ဖြစ်နေ
ရသည်။ ဖုန်းကို ထပ်ခါတလဲလဲ ဆက်နေမိသော်
လည်း လူကြီးမင်းနှင့် တိုးနေရုံကလွဲ ထူးမခြားနားခဲ့။ ဦးထင်ပို့လိုက်သော မက်ဆေ့ကိုသာ ပဟေဠိ ဖြစ်စွာ မကြာခဏ ပြန်ဖတ်နေမိသည်။

"ဒီလောက် အဝေးကြီးက ပြန်လာဖို့ဆိုတာ
ဖြစ်မှ မဖြစ်နိုင်တာ"

နောက်ဆုံးတွင်တော့ ထက်မြက် မတွေးမိဖို့ကို
သာ ကြိုးစားရင်း အိပ်ရာဝင်ဖို့ ညအိပ်ဝတ်စုံကို လဲဖယ်လိုက်တော့၏။ သို့သော် စိတ်ထဲ၌ မတင်မကျ။

နွေရိပ်လွှာ ရောက်လာသည့်ကိစ္စ။ ပြီးနောက် ဦးထင် ဖုန်းထဲတွင် စိတ်ဆိုးသွားသည့် လေသံ။
ထိုအကြောင်းအရာနှစ်ခု ဆက်စပ်နေတာလားဟု တွေးမိတော့ ထက်မြက် လိပ်ပြာမလုံစွာ
အလန့်တကြား အိပ်နေရာမှ ငုတ်တုပ်လေး
ထထိုင်လိုက်မိသည်။

Luigi's Empire (Complete)Donde viven las historias. Descúbrelo ahora