အပိုင်း( ၅၂)
လူဝီဂျီ၏ အသက်မဲ့သွားသော ခန္ဓာကိုယ်မှာ
လက်ပြန်ကြိုးနှင့်တုပ်ခံထားရသည့်အတွက်
ဇက်ကျိုးကြသွား၏။ ရှိန်းခမ်းမိုသည် ထိုရုပ်
အလောင်းကို သေချာစွာကြည့်နေသည်။ ဆရာဖြစ်သူကို သူကိုယ်တိုင်သတ်ပစ်မိသော်လည်း နောင်ဘဝမှ အပြစ်ကျွေးဆပ်မည်ဟု
အကြိမ်ကြိမ် စိတ်မှ တောင်းပန်နေမိသည်။ ချစ်ရသူအတွက် ဘာမဆိုလုပ်မည်ဆိုသည့်စိတ်က မိုက်မဲရာကိုဖြစ်လေမိပြီ။ပြီးနောက်မှ အသိပြန်ဝင်လာသူပမာ
လက်ထဲရှိသေနတ်ကို လွှတ်ချလိုက်မိ၏။"မဟုတ်ဘူး မဟုတ်ဘူး ငါသတ်လိုက်တာမဟုတ်ဘူး"
ရှိန်းခမ်းမို လက်တွေတုန်လာသည်။ ယခုမှ
ကယောင်ကယမ်းဖြစ်နေသည်။ ဖင်ထိုင်ရက်လဲကျသွားကာ ခြေထောက်များကို တွန်းကန်၍ အနောက်ကို ဆုတ်မိသည်။ ချွေးစေးများထွက်လာသည်။ တုန်ယင်နေသော လက်နှင့် သူ၏ ဘောင်းဘီအိတ်ကို စမ်းမိသည်။ အဖြူရောင်ဆေးဘူး လေးထွက်လာသည်။
ကပျာကယာဖွင့်ကာ ဆရာဝန်ပေးထားသည့် စိတ်ငြိမ်ဆေးကို ရေမပါဘဲ ဝါးစားရသည်။ ရှိန်းခမ်းမို ဆေးကုနေရသည်မှာ မည်သူမှ မသိသေးသည် လျှို့ဝှက်ချက်တစ်ခု။Ring....Ring
တိုက်ဆိုင်စွာ ဝင်လာသော ဖုန်းသံကြောင့် လန့်ဖြန့်သွား၏။ ဆက်သူမှာ သူ၏အသည်းနှလုံး စစ်သွေးထင်။ စိတ်မလုံမှုကြောင့် ဖုန်းကို မကိုင်ရဲ။ မဟုတ်ဘူး တကယ်တော့ သူသတ်ချင်ခဲ့တာမဟုတ်ဘူး။
နှစ်ကာလကြာရှည် ဖုံးထားသည့် စိတ်ကျရောဂါမှာ ဒီတစ်ခေါက်အဆိုးဆုံးဖြစ်၏။ လူတစ်ယောက်သတ်ပြီးတိုင်း ရှိန်းခမ်းမို ဘာကိုမှ
မမှတ်မိ။ ဖုန်းသံသည် ဆက်တိုက်မြည်လာသည်။
ရတ်တရက်ပင် ရှိန်းခမ်းမိုသည် ကြောက်လန့်နေရင်းဖြင့် မျက်နှာထားမှာ ချက်ချင်းတည်တံ့သွားပြန်သည်။ ကြောက်စရာကောင်းလောက်အောင် သူ့မျက်လုံးများက စူးရဲသွားသည်။"ဟယ်လို"
တုန်နေသောအသံကို မနည်းထိန်း၍ပြောရသည်။
"ကိုကို ဘယ်မှာလဲ ဒီမှာပြဿနာတက်နေပြီ။
ထက်မြက်နေခြည် ရောက်လာတယ်"
BẠN ĐANG ĐỌC
Luigi's Empire (Complete)
Lãng mạnဤဇာတ်လမ်းပါ အကြောင်းအရာသည် စာရေးသူ၏ စိတ်ကူးယဉ် သက်သက်သာ ဖြစ်၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ ထိခိုက်စော်ကားလိုခြင်းမရှိပါ။ #Boylove#Romance#Mafia