၁၅

5.4K 481 9
                                    

Uni

၁၅)

ယိရှန်းကျောက်ရွှင်က မှန်ထဲတွင်ပေါ်နေသည့်သူ့မျက်နှာသူကြည့်ရင်းပြုံးသည်။ ဝမ်ဧကရာဇ်က ကြင်ယာတော်သုံးပါး တစ်ပြိုင်တည်း မြှောက်ခဲ့သော်လည်း သူက ပါရှားမင်းသမီးဖြစ်နေ၍ အခွင့်ထူးခံဖြစ်သည်။ ထို့ကြောင့် ပထမဆုံးညကို သူ့ထံတွင် ကုန်ဆုံးလိမ့်မည်။ ဝမ်ဧကရာဇ်ကသာသူ့ကိုချစ်မြတ်နိုးလာလျှင်သူသည် ရီအန်းအင်ပါယာ၏ ဧကရီဖြစ်လာပေလိမ့်မည်။

"ရင်ခုန်လိုက်တာ... နောက်ဆုံးတော့ ဝမ်ဧကရာဇ်နဲ့လက်ထပ်ရပြီ။"

သူက သူ့ဘာသာ ပြောနေသည့်အချိန်မှာပင် အပြင်ဘ​က်မှ မိန်းမစိုး၏ အသံကထွက်လာ၏။

"မင်းကြီး ကြွလာပါပြီ"

များမကြာမီ ဝမ်ရိပေါ်က ဝင်လာပြီး စားပွဲဝိုင်းတွင် ဝင်ထိုင်သည်။ ကျောက်ရွှင်က လက်နှစ်ဖက်ကို ယှက်လိုက်ပြီး အရိုအသေပြုသည်။

"ကျောက်ရွှင် အရှင့်ကို ဂါရဝပြုပါတယ်။"

"ထပါ။"

"ကျေးဇူးတင်ပါတယ် အရှင်။"

"ကြင်ယာတော်ယိရှန်း... ဒီမှာလာထိုင်"

ဝမ်ရိပေါ်က ခေါ်လိုက်ရာ ကျောက်ရွှင်၏ မျက်နှာပေါ်တွင် အပြုံးနုနုလေး ပေါ်လာပြီး ချက်ချင်း သူ့နံဘေးခုံတွင် ဝင်ထိုင်သည်။

"အရှင်"

"မင်း ကိုယ်တော့်ကို တိုင်းပြည်အတွက် လက်ထပ်လိုက်ရတယ်ဆိုတာ ကိုယ်တော် သိတယ်။ ဒါပေမဲ့ ကိုယ်တော်က မင်းကို အခက်တွေ့အောင် မလုပ်ပါဘူး။"

"အရှင် ဘာကိုဆိုလိုတာပါလဲ။"

"မင်းကို ကိုယ်တော် လက်ဖျားနဲ့တောင် ထိမှာ မဟုတ်ဘူး။ မချစ်တဲ့လူနဲ့ ဘယ်သူမှ အတူမနေချင်ဘူးလေ... ကိုယ်တော် မင်းကို လုံးဝ အပြစ်မတင်ဘူး။ ဒီတိုင်း နန်းတော်ထဲမှာ ပျော်သလိုနေ။ တကယ်လို့မင်းမှာ ချစ်တဲ့လူရှိလာရင်တောင် ကိုယ်တော်က ခွင့်လွှတ်ပေးနိုင်တယ်။"

ဝမ်ရိပေါ်က အချိုသပ်ဖြင့် ယိရှန်းကျောက်ရွှင်ကို သိမ်းသွင်းသည်။ ယိရှန်းကျောက်ရွှင်က အံ့အားသင့်သွားဟန်ဖြင့် သူ့ကိုမော့ကြည့်လာ၏။

My Beloved EmperorWhere stories live. Discover now