၂၆ (Final)

10.5K 517 28
                                    

Uni

၂၆

"ရှောင်းငယ်... မနေ့က.... ကိုယ်တော် နည်းနည်းကြာသွားတယ်။ နာနေသေးလား။"

"အဲ့ဒီရေကန်ကို နောက်တစ်ခါ လုံးဝ မသွားတော့ဘူး။"

ဝမ်ဧကရာဇ်က မေးလိုက်တော့ ရှောင်းကျန့်က တိုးတိုးလေးရေရွတ်၍ သူ့ကို မျက်စောင်းထိုးကာ ခေါင်းငုံ့သွားသည်။ နှုတ်ခမ်းလေးစူပြီး တတွတ်တွတ်နှင့် တိုးတိုးလေး ပြောနေသည့်အခါ ဝမ်ရိပေါ်၏ နှလုံးသားတစ်ခုလုံး ကလိကလိဖြစ်ရသည်။ သူက လျှောက်တင်လွှာများ ဖတ်ချင်သော်လည်း ရှောင်းကျန့်မျက်နှာလေးက မှုန်သုန်နေသဖြင့် မဖတ်နိုင် ဖြစ်နေရ၏။

"ရှောင်းငယ်... ကိုယ်တော့်ကို စိတ်ဆိုးနေတာလား"

"ဟွန့်... အကျင့်မကောင်းတဲ့ဘုရင်"

ရှောင်းကျန့်က ဝမ်ရိပေါ်မကြားအောင် တိုးတိုးလေးပြောသည်။ အိမ်ထောင်သက် လေးနှစ်နီးပါး ရှိလာပြီးနောက် ရှောင်းကျန့်က ဝမ်ရိပေါ်ကို ယခင်ကလောက် မကြောက်တော့ပေ။ သူ စိတ်ဆိုးနေလျှင် စကားမပြောဘဲ နေပစ်လိုက်ပြီး ဝမ်ရိပေါ်ကို ကျောပေး၍ အိပ်ပစ်လိုက်သည်။ ထိုအခါမျိုးဆိုလျှင် ဝမ်ရိပေါ်က သူ့ကို အတင်းပြန်ချော့တတ်သည်။

"ပြန်မဖြေဘူးဆိုတော့ စိတ်မဆိုးဘူးလို့ သတ်မှတ်လိုက်ပြီ။ လာ... ကိုယ်တော့်ကို မင်သွေးပေး။"

ဝမ်ရိပေါ်က ပြောလိုက်တော့ ရှောင်းကျန့်က လှုပ်စိလှုပ်စိဖြင့် သူ့နားလာရပ်သည်။ ပြီးမှ အင်္ကျီလက်ကို ပင့်လိုက်ပြီး မင်တုံးကို ကိုင်သည်။ ဝမ်ရိပေါ်က ရုတ်တရက် သူ့ခါးမှ ဖက်၍ ဆွဲချလိုက်ရာ ခန္ဓာကိုယ်သွယ်သွယ်လေးက သူ့ပေါင်ပေါ် ထိုင်ကျသွားတော့သည်။

"အာ့... အရှင်... နာတယ်"

ရှောင်းကျန့်က အောင့်မျက်သွားသော သူ့ခါးရိုးကိုလက်ဖြင့်ဖိကိုင်ရင်း ညည်းတော့ ဝမ်ရိပေါ်က သူ့ခါးကို ဖွဖွလေး နှိပ်ပေးသည်။

"သက်သာရဲ့လား... ကိုယ်တော် မေ့သွားလို့... ​ဥုံဖွ ဥုံဖွ"

ရှောင်းကျန့်က ပြန်မဖြေဘဲ မင်တုံးကိုသာ ဖိသွေးနေ၏။ ဝမ်ရိပေါ်က သူ့ပါးကို ရှူးခနဲ အသံမြည်သည်အထိ ဖိကပ်နမ်းလိုက်ပြီး ခါးသိမ်သိမ်လေးကို ခပ်တင်းတင်းဖက်သည်။

My Beloved EmperorWhere stories live. Discover now