Chapter (174 ) _ Parallel World (5) - ဝက်ဝံကြီးမျိုးနွယ်ကို ရှင်းလင်ခြင်း
ရှုန်းယယ် သည် မူလက ဟူယွဲ့ လုပ်ရပ်ကို ရပ်တန့်ရန် ဆန္ဒရှိခဲ့သော်လည်း သူတို့ ရင်ထဲက ခံစားချက်ကို တွေးပြီးနောက် နောက်ဆုံးတွင် သူမကို မတားလိုက်တော့ပေ။
ရှီလီက သူနဲ့ လမ်းခွဲချင်ခဲ့တာတွေ...
ဒီအကြောင်းကို သူ ပထမဆုံးသိလိုက်ချိန်မှာတော့ လက်ခံဖို့ နည်းနည်းခက်သွားပေမယ့် ရက်အနည်းငယ်အကြာမှာတော့ သူ တော်တော်လေး ငြိမ်သက်သွားခဲ့သည်။
ဒီကိစ္စကို အနှေးနဲ့အမြန် လူတိုင်း သိလာမှာပဲလေ။ တရားဝင် လက်တွဲမဖြုတ်ခင် သတင်းထုတ်ပြန်ထားတာနဲ့ နောက်မှာ သတင်းထုတ်ပြန်တာက ဘာမှ ကွာခြားမှု မရှိပါဘူး။
ဟုတ်ပါတယ်၊ သူက ဟူယွဲ့ကို မတားခဲ့တဲ့ အဓိက အကြောင်းအရင်းကတော့ ရှီလီ ရဲ့ ညီဖြစ်သူ ယန်ဆုကို ဆက်ပြီး သည်းခံမနေချင်တာကြောင့်ပဲ။ နှစ်တွေကြာလာတာနဲ့အမျှ ယန်ဆုဟာ ရှီလီ နဲ့ သူ့ရဲ့ဆက်ဆံရေးဟာ ဘာကြောင့် ပိုပိုဆိုးလာတာက ယန်ဆုနဲ့ အများကြီးသက်ဆိုင်ပါတယ်။
ဘာကြောင့်လဲဆိုတာ သူ တကယ်မသိပေမယ့် ယန်ဆုကတော့ သူ့ကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဖူးဘူး။ ယန်ဆုက ရှီလီရှေ့မှာ သူ့အကြောင်း မကောင်းပြောတတ်လေ့ရှိတယ်... တကယ်တော့ ဒါက အရေးမကြီးပါဘူး၊ သူက ဒီကိစ္စကို ကောက်ချက်ချဖို့ ပျင်းလွန်းပေမယ့် ယန်ဆုကတော့ ရှီလီ ရဲ့ ညီလေးဆိုတဲ့အချက်ကို အခွင့်ကောင်းယူပြီး မျိုးနွယ်စုထဲက လူတွေကို အနိုင်ကျင့်ဖို့ သဘောကျလေ့ရှိတယ်။ သူတို့ မျိုးနွယ်စုက အသတ်ခံရပြီး တောရိုင်းမြေထဲ ခြေဦးတည့်ရာ လျှောက်သွားနေရသည့် အစောပိုင်းနှစ်များတွင် သူသည် အရာရာတိုင်းကို အကောင်းဆုံးစားချင်ပြီး မည်သူမျှ အစားစာ မလုံလောက်သည့်တိုင် နည်းနည်းပိုစားချင်လေ့ရှိသည်... ဒါက ရှုန်းယယ် ကို စိတ်မချမ်းသာဖြစ်စေခဲ့တယ်။
ရှီလီသည် ယန်ဆုကို အကျိုးခံစားခွင့်များ ထပ်မံ မပေးတော့ဘဲ တရားမျှတစွာ ပြုမူရန် မကြာခဏ တောင်းဆိုခဲ့ရသည်။ ဒါကြောင့် ယန်ဆုဟာ နောက်ပိုင်းမှာ သူ့ကို ပိုပိုပြီး မနှစ်သက်လာတာ ဖြစ်နိုင်တယ်...
ရှုန်းယယ် ဟာ အိမ်ထဲမှာပဲ နေခဲ့ပြီး အပြင်ကို ထွက်ခဲသည်။ ဒါကိုမြင်တော့ ကျိုးကျီ က ရှုန်းယယ်ကို မေးလိုက်သည်။
"ရှီလီနဲ့ တကယ် လမ်းခွဲတော့မှာလား"
ရှုန်းယယ် က ဒီကိစ္စကို အရင်က သူ့ကို မပြောခဲ့ဘူး၊ ဒါကြောင့် ဒီအကြောင်းကို သူက မသိလောက်ဘူးလေ။ ဒါကြောင့် မသိသယောင်နဲ့ ကျိုးကျီက မေးလိုက်သည်။
ရှုန်းယယ် - "ဟုတ်တယ်"
ကျိုးကျီ - "စိတ်မကောင်း မဖြစ်ပါနဲ့..."
ရှုန်းယယ် က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ့ကို နှစ်သိမ့်ပေးနေသည့် ကျိုးကျီကို ပြန်ဖြေလိုက်သည်။
"ငါ အဆင်ပြေပါတယ်"
ကျိုးကျီ က ရှုန်းယယ် တကယ်ပဲ သေချာတွေးခဲ့ပြီးနောက် ဆုံးဖြတ်ချက်ချခဲ့တယ်ဆိုတာ ပြောနိုင်ပါတယ်။
သူက ဒီလိုအချက်တွေကြောင့် ရှုန်းယယ်ကို အရမ်းကြိုက်တာပဲလေ။ သူတို့တွေက အရွယ်ရောက်ပြီးသူ ဖြစ်နေပြီ ။ စိတ်ခံစားချက်နဲ့ ဆိုင်တဲ့ ကိစ္စတွေကို ဖြေရှင်းတဲ့အခါ ရှင်ခြင်း ၊ သေခြင်းလို လုပ်နေစရာ လိုလို့လား။
"ရှီလီက လူကောင်းမဟုတ်ဘူး။ တခြားမျိုးနွယ်စုက လူငယ်လူရွယ်တွေ၊ အမျိုးသမီးတွေနဲ့ ရောရောထွေးထွေး ပတ်သက်နေတာကို ငါ မြင်ခဲ့တယ်... သူနဲ့ လမ်းခွဲတာက ကောင်းပါတယ်။ နောက်မှ ဂုဏ်ပြုဖို့ မင်းကို ငါ ဟင်းကောင်းကောင်း ချက်ကျွေးမယ်"
ကျိုးကျီ က ဆက်ပြောလိုက်သည် ။
(ဗားရှင်းနှစ်ခုလုံးမှာ ကျိုးကျီက အသည်းကွဲနေတဲ့ ဝက်ဝံလေးကို အစားနဲ့ နှစ်သိမ့်ပေးနေကျပဲ..... )
"ကောင်းပြီ။" ရှုန်းယယ် သဘောတူလိုက်သည်။ သူက အစတုန်းက ရှီလီနဲ့ လမ်းခွဲမယ့် ဖြစ်ရပ်ကြောင့် အနည်းငယ် လွမ်းဆွေးနေခဲ့သော်လည်း ယခု ကျိုးကျီက သူ့ကို အစာကောင်းကောင်း ချက်ကျွေးတော့မည်ဆိုတော့... သူ စိတ်မကောင်း မဖြစ်တော့ပေ။
ကျိုးကျီနဲ့ ရှုန်းယယ် စကားပြောနေချိန်တွင် ဟူယွဲ့နဲ့ ရှုန်းအန်းက အပြင်က ပြန်ရောက်ကာစ ဖြစ်သည်။
ဝက်ဝံကြီး မျိုးနွယ်ရဲ့နေရာမှာ လူတွေ အလုပ်ရှုပ်နေကြသည်။ ဟူယွဲ့က ထိုနေရာကို ပြန်ရောက်ရောက်ချင်း အပြင်လူတွေကို ပြောလိုက်သည်။
"ကျွန်မတို့ ဝက်ဝံကြီးမျိုးနွယ်စုမှ အရေးတကြီးလုပ်စရာ ပေါ်လာလို့ ကျန်လူတွေ ထွက်ပေးလို့ရနိုင်မလား?"
ဒီလူတွေဟာ ဝက်ဝံကြီး မျိုးနွယ်က လူတွေနဲ့ သူငယ်ချင်းဖြစ်ဖို့အတွက် ဒီကိုလာ ခဲ့ကြတာပါ။ အခုချိန်မှာတော့ ဝက်ဝံကြီးမျိုးနွယ်မှာ သူတို့ လုပ်စရာ တစ်ခုခုရှိတယ် ပြောပေမယ့် အပြင်လူတွေကတော့ ချက်ခြင်း ထွက်မသွားဘဲ နေခဲ့ပေမယ့် ဝက်ဝံဘုရင် က စောစောက ရောက်လာတာကို တွေ့ခဲ့ရပြီး ဖြည်းဖြည်းချင်း ထွက်သွားကြသည်။ မတော်တဆ ဝက်ဝံဘုရင်ကို စော်ကားမိရင် မကောင်းပါဘူး။ !
"ဟူယွဲ့... ဘာကိစ္စရှိလို့လဲ"
" ရှုန်းယယ် ... သားရဲဘုရင်က ညွှန်ကြားချက်တစ်ခုခု ပေးခဲ့တာလား"
"စောစောက ရှုန်းယယ် ရဲ့ နောက်က လိုက်လာတဲ့သူက ဘယ်သူလဲ"
......
ဝက်ဝံကြီး မျိုးနွယ်စုက လူတွေက မေးခွန်းတွေ မေးလာကြသည်။ သူတို့အားလုံးက ရှုန်းယယ် အတွက် အလွန်စိုးရိမ်ခဲ့ကြပြီး ယန်ဆုကသာ လျင်မြန်စွာ ကြားဖြတ်ကာ မေးလိုက်သည်။
"ငါ့ အစ်ကိုရော..ဘယ်မှာလဲ။ ရှုန်းယယ် က ချောမောလှပတဲ့ကောင်လေးကို ဘာလို့ပြန်ခေါ်လာတာလဲ"
ဟူယွဲ့ သည် ယန်ဆုကို အေးစက်စွာကြည့်ကာ ပြောလိုက်သည်။
"ရှုန်းယယ် နဲ့ ရှီလီ တို့က လက်တွဲဖော်အဖြစ်ကနေ လမ်းခွဲတော့မယ်။ သူတို့ ရဲ့ မိတ်ဆက် ဆက်ဆံရေးကို ဖျက်သိမ်းတော့မယ် ဖြစ်လို့ ဒီက လူတိုင်းကိုမေးဖို့ ငါ ရောက်လာတာပဲ။ မင်းတို့က ရှုန်းယယ် ဒါမှမဟုတ် ရှီလီ နောက်ကို လိုက်လို့ရတယ်။ ဘယ်သူ့နောက်ကို လိုက်ချင်သလဲဆိုတာ ကိုယ့်ဖာသာဆုံးဖြတ်ဖို့ ရှုန်းယယ်က ပြောခိုင်းလိုက်တယ်"
ဟူယွဲ့ သည် ယန်ဆုကို နှင်ထုတ်မည်ဟု ကတိပြုထားသော်လည်း သူမသည် ထိုကဲ့သို့ လုပ်မည်မဟုတ်ပေ။ သူမသည် လူတိုင်း၏ ထင်မြင်ယူဆချက်များကို တောင်းဆိုရန် လိုအပ်နေသေးသည်။
"ဘာ?"
"မိတ်ဖက်အဖော်အဖြစ် သူတို့ရဲ့ ဆက်ဆံရေးကို ဖျက်သိမ်းလိုက်ပြီလား"
"သူတို့နှစ်ယောက်က အဆင်ပြေတယ်မဟုတ်လား။ ဘာလို့လမ်းခွဲမှာလဲ"
......
မျိုးနွယ်စုက လူအားလုံး စိတ်ရှုပ်သွားကြသည်။ ရှုန်းယယ် နဲ့ ရှီလီ က အမြဲအတူ ရှိခဲ့တယ်... အခု လက်တွဲဖြုတ်ချင်နေကြပြီလား?
ယန်ဆုက ဒေါသကို မထိန်းနိုင်ဘဲ မေးလိုက်သည်။
"ဒါတွေ ဘာဖြစ်နေတာလဲ....ဟူယွဲ့....မဟုတ်တာတွေ လျှောက်မပြောနဲ့...."
ဟူယွဲ့ က ယန်ဆုကို ဂရုမစိုက်ဘဲ အားလုံးကို အသိပေးလိုက်သည်။
"ရှီလီနောက်ကို လိုက်ချင်သူတွေ ချက်ခြင်းထွက်သွားသင့်တယ်။ ဒီလူကို ဒီမှာ ဆက်ရှိနေရင် ငါတို့ ဆွဲထုတ်ပစ်ရလိမ့်မယ် "
"ငါ ရှုန်းယယ် လိုက်မယ်!"
"ငါလည်း ရှုန်းယယ်နောက်ကို လိုက်နေမယ်!"
"ငါတို့အားလုံး ရှုန်းယယ် ရဲ့နောက်ကို လိုက်နေကြမယ်ကွ!"
......
ဝက်ဝံကြီး မျိုးနွယ်စုမှလူများသည် သူတို့၏ရွေးချယ်မှုပြုလုပ်ရန် တွန့်ဆုတ်မနေပါ။ သူတို့ရဲ့ မျိုးနွယ်စု အကြီးအကဲက ရှီလီ ဖြစ်ပေမယ့် သူတို့ မျိုးနွယ်စု ရဲ့ အရေးကို အမြဲ စီမံခန့်ခွဲ နေသူ ကတော့ ရှုန်းယယ် ဖြစ်တယ်။ ဒါတင်မကဘဲ၊ သူတို့စားဖို့ ရှေ့က ဦးဆောင်ပြီး အမဲလိုက်ပေးသူ၊ ပြဿနာအမျိုးမျိုးကို ကူညီဖြေရှင်းပေးခဲ့တဲ့ ရှုန်းယယ်ပဲ ဖြစ်တယ်။
အနှစ်သုံးဆယ်ကြာအောင် သူတို့အိမ်ကနေ မောင်းထုတ်ခဲ့ရတယ်။ အဲဒီတုန်းက ထွက်ပြေးခဲ့တဲ့လူငယ်တွေ အားလုံးက အခုချိန်မှာ ဟူယွဲ့ ကဲ့သို့သော လူလတ်ပိုင်း အရွယ်များဖြစ်ကာ ထပ်မံမွေးလာသည့် မျိုးနွယ်စုဝင်အသစ်များသည် သူတို့၏ သားသမီးများဖြစ်သည်။
အားလုံးက ရှုန်းယယ်ကို ပိုယုံကြည်ကြတယ်။ ဟူယွဲ့ ပြောပြီးသည်နှင့် သူတို့အားလုံး ရှေ့ထွက်ကာ စကားပြောကြသည်။ အဲဒီနောက်မှာတော့ သူတို့ရဲ့ကလေးတွေဟာ ရှုန်းယယ် ဘက်က ရပ်တည်ဖို့ ရွေးချယ်ခဲ့ကြတယ်။
"ဒါဆို ယန်စုကို အမြန်ဆွဲထုတ်လိုက်ပါ။" ဟူယွဲ့ က ပြောလိုက်သည်။
"ဟူယွဲ့.... မဖြစ်နိုင်တဲ့ စကားကို လိမ်မပြောနဲ့။ ရှုန်းယယ်နဲ့ ရှီလီက ဘယ်လိုလုပ် လမ်းခွဲနိုင်မှာလဲ။ မဖြစ်နိုင်ဘူး!"
ယန်ဆု လန့်သွားကာ ကပျာကယာပြောလိုက်သည်။
ရလဒ်အနေနဲ့ ဟူယွဲ့ က သူ့ကို ကောက်ကိုင်ပြီး အပြင်ကို ပစ်ချလိုက်တာနဲ့ အခု ဖြစ်ရပ်ကို ဖြေရှင်းပြီးသွားလေပြီ။ အသက်လေးဆယ်ကျော် အမျိုးသားတစ်ဦးသည် ထိုကဲ့သို့ ဂုဏ်သိက္ခာမရှိဘဲ ဝင်းခြံအပြင်ကို လွှင့်ပစ်ချခံခဲ့ရပြီး နောက်ဆုံးတွင် မြေပြင်ပေါ်သို့ လဲကျသွားသည်။
ဟူယွဲ့ က သူ့ကို တစ်ချက်မှ မတွန့်ဆုတ်ပဲ လွှင့်ပစ်ပြီးနောက် ယန်ဆုရဲ့ မိန်းမနဲ့ ကလေးတွေကို လှည့်ပြီးပြောလိုက်သည်။
"မင်းကိုယ်တိုင် ထွက်သွားမှာလား ဒါမှမဟုတ် ငါ မောင်းထုတ်ရမှာလား"
အရင်နှစ်တွေတုန်းက ယန်ဆုမှာ မိန်းမနဲ့ သားသမီးမရှိဘူး။
ထိုအချိန်တွင်၊ ဝက်ဝံကြီး မျိုးနွယ်၏ဘဝသည် ခက်ခဲသည်။ ဘာမှ အကူညီ မပေးနိုင်တဲ့ ယန်ဆုကို ဘယ်သူမှ စိတ်မဝင်စားပါဘူး။ သူ့မှာ အဖော်မရှိပေမယ့် ရှီလီဟာ အလယ်အလတ်အဆင့် သားရဲစစ်သည်တော် ဖြစ်လာပြီးနောက် ယန်ဆုအတွက် အမျိုးသမီးတစ်ဦးကို ရှာတွေ့ခဲ့တယ်။ အခု ယန်ဆုမှာ ထိုအမျိုးသမီးနဲ့ပေါင်းဖက်ပြီး သားသမီးလေးယောက်ရှိနေပြီဖြစ်သည်။
ယန်ဆု၏အမျိုးသမီးသည် အလွန်လှပသော်လည်း အလွန်ကြောက်တတ်သည်။ သူမသည် အများအားဖြင့် မျိုးနွယ်စုထဲက လူတွေနဲ့ ရောနှောခြင်း မရှိပေ။ ယခု သူမသည် ဟူယွဲ့ ၏ စကားကိုကြားသောအခါ တုန်တုန်ယင်ယင်နှင့် လမ်းမလျှောက်နိုင်သေးသော ကလေးတစ်ဦးကို ကောက်ကိုင်လိုက်ပြီး အမြန်လမ်းလျှောက်နိုင်သည့် သူ့ကလေးသုံးယောက်ကို ခေါ်ဆောင်ကာ ထိုဝင်းခြံအပြင်ကို ထွက်သွားခဲ့သည်။
ယန်ဆုသည် မြေပြင်မှထပြီး ယခုမှာ ဟူယွဲ့ကို ကျိန်ဆဲ နေဆဲဖြစ်သည်။ ဟူယွဲ့ က သူ့ကို မကြောက်ပေ။
"ယန်ဆု... ဒီနေ့ကစပြီး မင်းနဲ့ ရှီလီဟာ ဝက်ဝံကြီးတွေရဲ့မျိုးနွယ်ဝင်တွေ မဟုတ်တော့ဘူး။ ကျေးဇူးပြုပြီး အမြန်ဆုံး ထွက်သွားပေးပါ!"
"ငါ့အစ်ကိုက လူမျိုးစုအကြီးအကဲပါ။ ငါတို့ကို မောင်းထုတ်ဖို့ မင်းကို ဘယ်သူက လုပ်ပိုင်ခွင့် ပေးထားတာလဲ .... အိုး..!"
ယန်ဆုစကားမဆုံးခင်မှာပင် ဟူယွဲ့ သည် သူ့မျက်နှာကို ကျောက်ခဲနင့် ပစ်ပေါက်ခဲ့သည်။ ယန်ဆုလည်း အတိုက်ခံရလို့ သွေးထွက်လာပြီး စကားမပြောရဲတော့ဘူး။ သူ က ကြောက်လန့်ပြီး ထွက်သွားသည် ။
ဟူယွဲ့ သည် လျင်မြန်စွာ ပြုမူပြီး ဝက်ဝံကြီးမျိုးနွယ်ထဲက ရှီလီရဲ့ လူတွေကို ထိုကဲ့သို့ ခွဲထုတ်လိုက်သည်။
တစ်ချိန်တည်းမှာပင်၊ ဤနေရာမှ အခြေအနေကို တိတ်တဆိတ် အာရုံစိုက်ကာ အကဲခတ်နေကြသော ဘုန်းတော်ကြီးတွေလည်း ကြည်ညိုလေးစားမှုအပြည့်ဖြင့် ကြည့်နေသည်။ သားရဲနတ်ဘုရား အရှင်က အဖြစ်ပျက်ကို အလွန်လျင်မြန်စွာ ရှင်းလင်းလိုက်တာပဲ။ ဝက်ဝံကြီး မျိုးနွယ် အတွင်းရှိ ရှီလီ နှင့် သက်ဆိုင်သော လူများကို ဒီလောက် လျင်မြန်စွာ နှင်ထုတ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားမိပေ။
ထိုသားရဲဘုရင်နှစ်ပါးက နားမလည်သော်လည်း၊ ဘုန်းတော်ကြီးတွေ အနေဖြင့် သူတို့၏ ဘုန်းတော်ကြီးချုပ် ၏ လုပ်ရပ်မှ တစ်စုံတစ်ရာကို မြင်နိုင်သည်... သူတို့၏ သားရဲနတ်ဘုရားက ဝက်ဝံဘုရင်ကို အမှန်တကယ် နှစ်သက်သဘောကျနေတာပဲလို့ ကောက်ချက်ချလိုက်သည်။
ကံမကောင်းစွာပဲ၊ သားရဲနတ်ဘုရားအရှင်က ဝက်ဝံဘုရင်ထက် အဆပေါင်းများစွာ သာလွန်ပေမယ့် သူက ဝက်ဝံသားရဲဘုရင်ကို ဘယ်အချက်ကို ကြည့်ပြီး ချစ်မိသွား တာပါလိမ့်....
ဒီအချက်ကို ဘုန်းတော်ကြီးများ တို့သည် ပဟေဠိဖြစ်ခဲ့ကြသော်လည်း သားရဲနတ်ဘုရား၏စိတ်တော်ကို ခန့်မှန်းဖို့ မတတ်နိုင်ကြပေ။
"ငါတို့ ဝက်ဝံကြီးက လူတွေကို ကူညီပေးသင့်လား"
"သားရဲနတ်ဘုရားဗိမာန်တော်က သားရဲဘုရင်တွေအတွက် စီမံဆောင်ရွက်ပေးတဲ့ လူတွေနဲ့ အမြဲပြည့်နေပါတယ်။ အရင်ကတော့ ဝက်ဝံ သားရဲဘုရင် နဲ့ ခြင်္သေ့သားရဲ ဘုရင်တို့ဟာ မိတ်ဖက်တွေဖြစ်တာကြောင့် ငါတို့ ကိုယ်တိုင် မပါဝင်နိုင်ခဲ့ဘူး။ အခု ငါတို့က လူတချို့ကို ခြင်္သေ့သားရဲဘုရင်ဆီ လွှတ်ပေးသင့်သလား"
"သားရဲနတ်ဘုရားအနားမှာ မရှိတဲ့အခါ ဝက်ဝံဘုရင်နဲ့ စကားပြောသင့်လား"
......
သားရဲနတ်ဘုရားဘုရားကျောင်းမှ ဘုန်းတော်ကြီးတွေအားလုံးက သားရဲနတ်ဘုရားအတွက် ရှုန်းယယ် နှင့် ရှီလီ တို့ကို ခွဲခြားနိုင်စေရန် မည်သို့ကူညီရမည်ကို တွေးတောနေကြပြီး ရှုန်းယယ် ကျေနပ်အောင် မည်သို့ပြုလုပ်ရမည်ကို တိတ်တဆိတ် တွေးနေကြသည်။
သို့သော် ရှုန်းယယ် ကိုယ်တိုင်က ထိုအရာများကို မသိဘဲ၊ ရှီလီလည်း ဒါတွေကို မသိပေ။ ယခုအချိန်တွင် ရှီလီသည် အပြင်ဘက်တွင် အလှလေးတွေနှင့် ပျော်မွေ့နေဆဲ ဖြစ်သည်။
ရှုန်းယယ် နှင့် စကားပြောပြီးနောက် သူက ရှုန်းယယ် အပေါ် အပြစ်လုပ်မိသည်ဟု ခံစားရဆဲဖြစ်ပြီး သူ့ကို ရင်ဆိုင်ရန် မဝံ့မရဲဖြစ်ကာ သူတို့အတူနေသည့် အိမ်ကို ပြန်မသွားပဲ သူက အပြင်မှာပဲ နေခဲ့တယ်။
သူစားဖို့ အရသာရှိတဲ့ အစားစာတွေ ရှိသလို ရုပ်ရည်ချောမောတဲ့သူတွေက သူ့ကို အဖော်ပြုပေးနေသည့် ဘဝမျိုးကို ရှီလီက အရမ်းကို ပျော်မွေ့လို့နေသည်။ ဒီအလှလေးတွေနဲ့ ပျော်နေပြီး ရှီလီက ရှုန်းယယ်ကို သူ့စိတ်ထဲက လုံးဝ မေ့လျော့စ ပြုလာခဲ့သည်။
ရှီလီကို မြှောက်ပင့်နေသူတွေကတော့ ရှီလီ နဲ့ ရှုန်းယယ် လမ်းခွဲတော့မယ် ဆိုတာ သိလိုက်ရတော့ သူတို့က ပိုလို့တောင် ရှီလီကို ဂရုတစိုက်ရှိကြပြီး သူ့သမီးတွေကို ရှီလီကို ပြုစုပေးဖို့ ခေါ်သွားကြသေးသည်။ တကယ်လို့ သူတို့ သမီးနဲ့ ရှီလီတို့ ညားပြီး ရှီလီ၏သားကို မွေးဖွားနိုင်ခဲ့ပါက၊ သူတို့က ကောင်းမွန်သောဘဝဖြင့် နေထိုင်နိုင်ရုံ သာမက၊ သူတို့၏မျိုးနွယ်သည်လည်း ဘုန်းကံကြီးနိုင်မည်ဖြစ်သည်။
သူတို့၏မြေးသည် ရှီလီကဲ့သို့ သားရဲဘုရင်လည်း ဖြစ်နိုင်သည်။
*******-*****
YOU ARE READING
(completed) ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-2)
Fantasyကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-2) - Parallel world Book 1 - Link https://www.wattpad.com/myworks/265546519-%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%81%E1%80%B1%E1%80%90%E1%80%BA%E1%80%81%E1%80%84%E1%80%BA%E1%80...