Parallel World (End-3) - ဇာတ်သိမ်း - သားရဲနတ်ဘုရား၏ မိတ်ဖက်ပွဲ

4.6K 635 15
                                    

Chapter ( 181-3 ) _ Parallel World (End-3) - ဇာတ်သိမ်း - သားရဲနတ်ဘုရား၏ မိတ်ဖက်ပွဲ

ကျိုးကျီက လုပ်သင့်လုပ်ထိုက်တာ အကုန်လုပ်ပြီးနောက် အချုပ်ခန်းထဲမှာ ထွက်လာစဉ် အပြင်ဘက်တွင် ဘုန်းတော်ကြီးချုပ်က သူ့ကို စောင့်နေတာကို တွေ့လိုက်ရသည်။ သူက ကျိုးကျီ ကိုမြင်သောအခါ ချက်ချင်းမေးလိုက်သည်။

"အရှင် ၊ ဒီကောင် ရှီလီ..."

"ရှုန်းယယ်က ဒီကို မနက်ဖြန် လာလောက်တယ်။ ရှုန်းယယ်က သူ့ကို လွှတ်ပေးစေချင်ရင် သူ့ကိုအပြစ်ပေးပြီးသားဖြစ်လို့ လွှတ်ပေးလိုက် "

ကျိုးကျီ က ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ အရှင် ။" ဘုန်းတော်ကြီးချုပ် က ပြန်ဖြေလိုက်သည်။

ထိုညနေခင်းတွင် ကျိုးကျီ သည် ရှုန်းယယ် ရှိသည့် တည်းခိုရာသို့ မပြန်ဘဲ ဆယ်စုနှစ်ပေါင်းများစွာ သူ နေထိုင်ခဲ့သည့်နေရာကို ပြန်သွားခဲ့သည်။

ရှုန်းယယ်ရဲ့ရှေ့မှာ သူ့ရဲ့ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်ဖို့အတွက် ကြမ်းတမ်းတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ခဲ့ပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့ကိုယ်ပိုင်လက္ခဏာကို ထုတ်ဖော်ပြသ လိုက်ပြီးတာကြောင့် ဒီပုံစံအတိုင်း ဆက်ဝတ်နေဖို့ မလိုအပ်တော့ဘူး။

ကျိုးကျီ သည် ရှုန်းယယ်ကို လာမရှာမီ သူ၏အကောင်းဆုံးအဝတ်အစားကိုဝတ်ရန် ဆုံးဖြတ်ခဲ့သည်။

သူ့ကိုယ်သူ သပ်သပ်ရပ်ရပ်ဝတ်စားကာ သူ့အသွင်အပြင်ကို ဂရုတစိုက်ပြင်ဆင်ပြီးနောက် ကျိုးကျီတစ်ယောက် နောက်တစ်နေ့နံနက်တွင် ရှုန်းယယ်ကိုရှာရန် ထွက်လာခဲ့သည်။

ထို့နောက်တွင်၊ သူက ဘယ်သူဆိုတာ ဖော်ထုတ်လိုက်တာက သိပ်အဆင်မပြေတာကို တွေ့လိုက်ရသည်။ လမ်းမှာ သူနှင့်တွေ့သမျှ လူတိုင်းက သူ့ကို စိုက်ကြည့်နေကြသည်။ ဒါတင်မကဘဲ ဘုန်းတော်ကြီးချုပ် ကလည်း ရှုန်းယယ်ရဲ့ အိမ်မှာ ရောက်နေပြီး အသီးအရွက်တွေကို ဆေးကြောပြီး လှီးဖြတ်ဖို့ စေတနာ့ဝန်ထမ်းလုပ်နေခဲ့သည်။

ကျိုးကျီ : "......"

သူသိသလောက် ဘုန်းတော်ကြီးချုပ်ဟာ အရင်က တစ်ခါမှ ဟင်းမချက်ဖူးဘူး။ ဒီလိုလူမျိုးက သူ့ကို ကူညီဖို့ အသီးအရွက်တွေကို ဆေးကြောပြီး လှီးဖြတ်ဖို့ လုပ်နေတယ် ဟုတ်လား။ အဲ့ဒါက သူ့ကို လုံးဝ ကူညီရာမရောက်ပဲ သူ့အတွက် ဒုက္ခဖြစ်စေသည်။ ကျိုးကျီ က တွန့်ဆုတ်ခြင်းမရှိ လုံးဝ ငြင်းဆန်လိုက်သည်။

(completed) ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-2)Where stories live. Discover now