Parallel World (9) - ရှုန်းယယ် အခြားတစ်ယောက်ကို တွေ့နေပြီလား...

2.7K 527 4
                                    

Chapter ( 178 ) _ Parallel World (9) - ရှုန်းယယ် အခြားတစ်ယောက်ကို တွေ့နေပြီလား...




"မင်း ဘာလုပ်နေတာလဲ?" ရှုန်းယယ် ရုတ်တရက်ထရပ်လိုက်ပြီး သူ့မျက်ခုံးတွေက ပိုတင်းကြပ်ကာ မျက်မှောင်ကြုတ်သွားသည်။

"မင်းကိုနမ်းတာလေ။" ကျိုးကျီ က ပြောလိုက်သည်။

သူက စိတ်ဓါတ်ကျပြီး သိမ်ငယ်တတ်သူ မဟုတ်ပေမယ့် မကြာသေးမီက မကြာခဏ အရက်သောက်ခဲ့သည်။ အိပ်မက်ထဲမှာ ကျိုးကျီဟာ ရှုန်းယယ် နဲ့ နေ့တိုင်း ပရောပလီလုပ်နေတာကို ကြည့်ပြီးတော့ လက်ရှိအခြေနေမှာ သူက စိတ်ကို မထိန်းနိုင်ပဲ ရှုန်းယယ်ကို နမ်းမိသွားသည်။

ယခုတော့ ရှုန်းယယ်ရဲ့ တုံ့ပြန်မှုကို ခံယူပြီး နောင်တွင်လည်း အကြိမ်အနည်းငယ် ထပ်ပြီး နမ်းနိုင်သေးသည်ဟု ကျိုးကျီ ခံစားမိသည်...

"နောက်နောင် ဒီလိုမျိုး ထပ်မလုပ်နဲ့!" ရှုန်းယယ် က ကျိုးကျီကို ကြည့်ကာ ဆက်ပြောလိုက်သည်။

"ပြီးတော့... မင်း ဝက်ဝံကြီးမျိုးနွယ်စုက လူတွေနားမှာ ပြန်သွားနေသင့်တယ်..."

"ငါ မပြန်ဘူး။" ကျိုးကျီ က ရယ်ပြီး ပြောလိုက်သည်။

"ပြန်သွားရင်တောင် မင်းကို ငါချစ်တယ်လို့ ပြော လိုက်တာနဲ့ ဟူယွဲ့ ကလည်း ငါ့ကို ပံ့ပိုးပေးလိမ့်မယ်"

ရှုန်းယယ် : "......" ကျိုးကျီ က တကယ်ကို အရှက်မရှိတာလား ?

ကျိုးကျီ "ရှုန်းယယ် ၊ မင်းက သားရဲဘုရင်ပါ။ ငါ မင်းကို အနိုင်မကျင့်ပါဘူး၊ မင်းကို ငါဘာမှ မလုပ်နိုင်ဘူးလေ... မင်းနဲ့အတူ ဒီနေရာမှာ ငါနေလည်း ဘာဖြစ်မှာမို့လဲ။ ဒါ့အပြင် မင်း အခု လူလွတ် ဖြစ်နေပြီ၊ ငါလည်း လူလွတ် ဖြစ်တယ်လေ။ မင်းကို ငါလိုက်တာကို မင်း ငြင်းဖို့ မလိုဘူးလေ"

ရှုန်းယယ် က ကျိုးကျီ ကို စူးစမ်းစွာ ကြည့်လိုက်သည်။ ကျိုးကျီက သူ့ထက် အနည်းငယ် အသက်ကြီးသော်လည်း သူသည် အရမ်းနုပျိုပြီး ကြည့်ကောင်းလွန်းလှသည်။ သူ့အသက်က သုံးဆယ်မပြည့်သေးဘူးလို့ ပြောရင် ယုံမယ့်သူတွေ အများကြီးရှိ လောက်သည်။ ဒါတင်မကဘဲ ကျိုးကျီ က အရမ်းဆွဲဆောင်မှုရှိလွန်းလှသည်။

(completed) ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-2)Nơi câu chuyện tồn tại. Hãy khám phá bây giờ