Parallel World (11-1) - ကျိုးကျီကို လုပ်ကြံသည့် ရှီလီ

2.8K 534 6
                                    

Chapter ( 180-1 ) _ Parallel World (11) - ကျိုးကျီကို လုပ်ကြံသည့် ရှီလီ



ကျိုးကျီ က မှိုကောက်ဖို့ တောထဲကို ထွက်လာခဲ့သည်။ ဒီရာသီတွင် မိုးရွာပြီးနောက် အနီးနားရှိ တောင်တန်းများတွင် ပေါက်သော အရသာရှိသော မှိုတစ်မျိုးရှိသည်။ ပြုတ်သည်ဖြစ်စေ ဖုတ်သည်ဖြစ်စေ အရသာကောင်းသောကြောင့် မှိုကောက်ဖို့ ကျိုးကျီ ဆုံးဖြတ်လိုက်သည်။

သူ့လက်ထဲမှာ အစေ့အမြောက်အမြားရှိပေမယ့် သူ့မှာ မှိုမျိုးစေ့တွေ မရှိဘူး။ မှိုမျိုးစေ့တွေက သိမ်းထားဖို့အတွက် သိပ်ကို သေးလွန်းလှသည်။ ဒါကြောင့် သူ မှိုကျင်းကို တွေ့သည်နှင့် အများကြီးပိုထွက်လာဖို့ သူ့အစွမ်းတွေကို အသုံးချနိုင်တာပဲ တတ်နိုင်သည်။

ဒါပေမယ့် သူ သွားသည့်လမ်းတွင် ရှီလီကိုမြင်သောအခါတွင် သူက တောထဲကို ထွက်လာစပဲ ရှိသေးသည်။ ကျိုးကျီ က သူ့ကို မမြင်သလို ပြုမူကာ ဆက်သွားခဲ့သည်။

သို့သော်လည်း ရှီလီသည် သူ့ကိုတွေ့ပြီး တိုက်ရိုက်လှုပ်ရှားပြီးနောက် သူ့ကို သတ်လိုသည့် ရည်ရွယ်ချက်ကို ထုတ်ဖော်လိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။ ကျိုးကျီ သည် ဒီကဲ့သို့သောလူများ၏ ရုတ်တရက် တိုက်ခိုက်ခြင်းကို ခံရသည်မှာ ပထမဆုံး အကြိမ်မဟုတ်ပေ။

သူသည် ဒီကို ဝိဉာဉ်မကူးပြောင်းလာခင် ဖုတ်ကောင် ခေတ်ပျက်ကာလတွင် နေထိုင်ခဲ့သည်။ ထိုအချိန်တွင် လူသားများသည် စားနပ်ရိက္ခာနှင့် အရင်းအမြစ်များကို လုယက်ဖို့ အခြားလူများကို သတ်ပစ်ကြသူများ ရှိနေသည်။ ထိုအချိန်တွင် သူ့ကိုသတ်ရန်အတွက် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် ကြိုးပမ်းသူများလည်း ရှိခဲ့သည်။

ဤလောကသို့ ကူးပြောင်းလာပြီးနောက်တွင်လည်း သူက အကျပ်အတည်းများစွာကို ကြုံတွေ့ခဲ့ရသည်။

ရှီလီ စတင်လှုပ်ရှားသောအခါ ကျိုးကျီက ဘာတွေဖြစ်နေသည်ကို သဘောပေါက် နေလေပြီ။ ထို တိုက်ခိုက်မှုကို တွေ့ရှိပြီးနောက် အနည်းငယ် အကူအညီမဲ့စွာ ခံစားခဲ့ရသည်။

(completed) ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-2)Where stories live. Discover now