Chapter 1

1.2K 75 8
                                    

Pete တယောက် မှန်ရှေ့မှာ သူ့ကိုယ်သူ ခေါင်းကနေ ခြေအဆုံးထိ စစ်ဆေးပြီး အကြာကြီး စိုက်ကြည့်နေတယ်။ သူ့တို့ မိသားစုရဲ့ ဟိုတယ်တစ်ခုမှာ ကျင်းပမယ့် သူ့မိဘတွေရဲ့ နှစ်ပတ်လည် ပါတီကိုသွားဖို့ ပြင်ဆင်နေတာ။ Pete က ထိုင်းနိုင်ငံရဲ့ ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားလာခဲ့ကာ အမေက နာမည်ကြီး မင်းသမီး တစ်ဦးဖြစ်ပြီး အ‌ဖေကတော့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။

Pete အပါအဝင် ညီအစ်ကို 3 ယောက်ရှိတယ်။ Porsche က သားအကြီးဆုံးဖြစ်ပြီး လူသိများတဲ့ မော်ဒယ်လ်တစ်ယောက်၊ Porchay ကတော့ အငယ်ဆုံးသား။ သူက နာမည်ကြီးဂီတအဖွဲ့ရဲ့ အဆိုတော်တယောက်လေ။ သူ့ရဲ့ ညီအစ်ကို 2ယောက်လုံးက ကုမ္ပဏီကို စီမံခန့်ခွဲတာတွေ မလုပ်ချင်တာကြောင့် Pete က သူ့အဖေအနားယူတဲ့အချိန်ရောက်ရင် အဖေ့နေရာမှာ ဦးစီးလုပ်ကိုင်ဖို့အတွက် အဖေရဲ့ စီးပွားရေးအကြောင်းတွေကို လေ့လာနေတယ်။ မိသားစု အစည်းအဝေးပွဲတွေကို သိပ်ပြီးမတတ်ဖြစ်တာကြောင့် ဒီနေ့ အဖေက သူ့ကို မဖြစ်မနေတတ်ရမယ်လို့ ညွှန်ကြားထားတာကြောင့် ပထမဆုံးအကြိမ် ပွဲတတ်ရတာပဲ။

တံခါးခေါက်တဲ့အသံကြားလိုက်ရပြီး အခန်းထဲကို ရင်းနှီးတဲ့ မျက်နှာနဲ့ သူ့ဆီလာနေတာတွေ့လိုက်တော့ ချက်ချင်းပြုံးလိုက်တယ်။ သူ့အစ်ကို Porsche က သူ့ကိုလိုက်ရှာနေတာ။

" Pete , မင်းအခုထိ အဆင်သင့်မဖြစ်သေးဘူးလား.. အောက်ထပ်မှာ Porchay  ငါတို့ကိုစောင့်နေတယ်။ ငါတို့ချက်ချင်းသွားမှရမယ်။ မဟုတ်ရင် ငါတို့ဟိုတယ်ကိုရောက်တာ နောက်ကျနေလိမ့်မယ် "

သူ့ဆီ လာနေရင်းနဲ့ Porsche က မေးလိုက်တယ်။

" ပြီးပါပြီ.. ဒါပေမဲ့ P' , ပါး က ဒီညမှာ တခုခုကိုကြေငြာဖို့ရှိတယ်လို့ ပြောတယ် .. ဘာကိစ္စလဲသိလား.. မား ကတော့ ငါ့ကို စပ်စုတယ်ဆိုပြီး ဒီအကြောင်းကို မပြောပြချင်ဘူး "

Pete က မျက်ခုံးပင့်တင်ကာ ပြုံးရင်း မေးလိုက်တယ်။

" အဲဒါ ဘာအကြောင်းလဲဆိုတာတော့ မသိဘူး။ ဒါပေမယ် ဒီည ပါး ရဲ့ စီးပွား‌ရေးပါတနာဖြစ်တဲ့ Theerapanyakul မိသားစုနဲ့ တခုခု ဆက်စပ်မှု ရှိနေနိုင်တယ်ဆိုတော့ သိတယ် "

Papa & DaddyWo Geschichten leben. Entdecke jetzt