Chapter 15

441 51 5
                                    

Tankhun က Pete အတွက် မင်္ဂလာလက်ဆောင်အဖြစ်ဝယ်ပေးထားတဲ့ အိမ်သို့မောင်းလာခဲ့တယ်။ ကားပေါ်မှ ဆင်းလိုက်ပြီး ဖြေးဖြးချင်းလျှောက်သွားကာ သူ့အိတ်ကပ်အနောက်ဘက်မှာ ထည့်ထားတဲ့ သော့ကိုယူပြီး တံခါးကိုဖွင့်လိုက်တယ်။ အိမ်ထဲသို့ ရောက်တော့ ညာဘက်မှာရှိနေတဲ့ မီးအိမ္ကို ဖွင့်လိုက်ကာ အိမ်ရဲ့ ပတ်ပတ်လည်ကို ကြည့်နေရင်း သက်ပြင်းတစ်ချက် ချလိုက်တယ်။

ဒီအိမ္ကို အလှဆင်ဖို့အတွက် ပိုက်ဆံတွေ အများကြီးအကုန်ကျခံထားခဲ့ပေမယ့် နောက်ဆုံးတော့ သူ့ရဲ့ အိပ္မက္က ဘယ်တော့မှဖြစ်မလာနိုင်တော့ဘူး။ သူက ဆိုဖာဆီသို့ လျှောက်သွားကာ Pete နဲ့ သူ့ရဲ့ လက်ရှိအခြေအနေတွေကို တွေးနေခဲ့တယ်။

Pete က သူနဲ့ ဘယ်တော့မှ အတူမနေချင်ခဲ့ဘူး။ အစကတည်းက သူဟာ ဆုံးဖြတ်ချက်အမှားတွေ ခ်ခဲ့တယ္ဆိုတာ နားလည်သွားပြီး သူ့လုပ်ရပ်က Pete ကို နာကျင်စေခဲ့တယ်။

" တစ်ခါတလေမှာ ကိုယ်လိုချင်တဲ့အရာကို မရနိုင်တဲ့အခါ နောက်ဆက်တွဲဆိုးကျိုးတွေကို ရှောင်နိုင်ဖို့အတွက် လွှတ်ချတတ်ရမယ် "

Tankhun က ရယ်မောလိုက်ရင်း သူ့မျက်လုံးတွေထဲမှာတော့ သိသာထင်ရှားတဲ့ ဝေဒနာတွေအပြည့်နဲ့...

" Pete .. မင်းကို နာကျင်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ မင်းပျော်ရွှင်ဖို့ကိုပဲ ငါမျှော်လင့်ပါတယ်။ နောင်ဘဝဆိုတာရှိခဲ့မယ်ဆိုရင် မင်းသူ့ကိုကျော်ပြီး ငါ့ကိုရွေးချယ်မယ်လို့မျှော်လင့်ပါတယ် "

Tankhun က Pete ရဲ့လက်စွပ်ကို အိတ်ကပ်ထဲမှ ထုတ်လိုက်တယ်။ သူ့လက်စွပ်ကိုလည်း ချွတ်လိုက်ကာ လက်စွပ်နှစ်ကွင်းကို စားပွဲပေါ်တင်လိုက်တယ်။

ထို့နောက် ဖုန်းကိုထုတ်ကာ Gallery App ထဲမှ ဓာတ်ပုံတွေအားလုံးကို ဖျက်ပစ်လိုက်ပြီး ဖုန်းကို စက္ပိတ္ကာ စားပွဲပေါ် ပစ်တင်လိုက်တယ်။ Pete ကို သူ့ထိန်းချုပ်မှုအောက်ကနေ လွှတ်ပေးလိုက်ပြီး သူ့အတွက် စိတ္ပူစရာမလိုပဲ Pete ပျော်ရွှင်စေဖို့အတွက် ဒီစေ့စပ်ပွဲကို ဖျက်သိမ်းပေးဖို့ သူဆုံးဖြတ်ခဲ့တယ်။

Papa & DaddyDove le storie prendono vita. Scoprilo ora