Chapter 10

414 43 6
                                    

" ရောက်ပါပြီ Khun Pete.... "

တက္ကစီယာဉ်မောင်းရဲ့ သတိပေးလိုက်သံကြောင့် Pete လန့်သွားသည်။

" Oh! Ok, ကျေးဇူးပဲ ဒီမှာ ဘေလ် "

Pete က ပြန်ဖြေပြီးတဲ့နောက် ကျသင့်ငွေကို ပေးလိုက်ပြီး ကားပေါ်မှ ဆင်းလာခဲ့တယ်။ အိမ်ရှေ့မှာ ရပ်နေစဉ် လေးလံတဲ့ခံစားချက်‌တွေနဲ့ သူ့အိတ်ကို သယ်လာခဲ့သည်။

တခြားနေရာကို ထွက်မပြေးတော့ဘဲ အိမ်ကိုပဲပြန်ဖို့ ဆုံးဖြတ်ချက်ချကာ သူ့အဖေရဲ့ အမျက်ဒေါသကို ရင်ဆိုင်ဖို့ လည်းပြင်ဆင်ခဲ့တယ်။

အသက်ကိုပြင်းပြင်းရှုပြီးလေမှုတ်ထုတ်လိုက်ကာ သူ့ကို တံခါးဖွင့်ပေးမယ့်သူကို စိတ်အားထက်သန်စွာ စောင့်ကြိုနေရင်း လူခေါ်ဘဲလ်ကို နှိပ်လိုက်လေသည်။

အိမ်ထဲကနေ ဘယ်သူကမှ ထွက်မလာတာကြောင့် ထူးဆန်းနေခဲ့သည်။ သူအိမ်ထဲကို ချက်ချင်းမ၀င်ခင် Passcode ကို ရိုက်ထည့်လိုက်သည်။

" မား! ပါး! Porsche? Porchay? "

မား ပါးနဲ့ သူ့ညီအစ်ကိုတွေဆီ ဖုန်းဆက်သော်လည်း အကြောင်းပြန်ကြားခြင်း မရှိဘူး။ သူ့အိတ်တွေကို ဆိုဖာပေါ်တင်လိုက်ပြီး တစ်အိမ်လုံးမှာလိုက် ရှာ‌တော့တယ်။နောက်ဆုံးတော့ ပန်းကန်ဆေးဖို့ အလုပ်ရှုပ်နေတဲ့ အိမ်အကူတစ်ယောက်ကို တွေ့တာမို့ သူ့ဆီ လျှောက်သွားလိုက်တယ်။

" Khun Pete! "

အိမ်အကူက သူ့ကို မြင်လိုက်တာနဲ့ အံ့သြပြီး ထိတ်လန့်သွားတယ်။

" ကျွန်တော့် ညီအစ်ကိုတွေနဲ့ မိဘတွေ ဘယ်မှာလဲ "

" သူတို့ ဆေးရုံ မှာ ရှိနေတယ် "

" ဘာဖြစ်ခဲ့လို့လဲ "

ဟု နောက်တစ်ကြိမ်မေးလိုက်ရာ သူမမျက်နှာမှာ စိုးရိမ်ပူပန်မှုတွေ ပေါ်လာခဲ့သည်။

" မင်းအဖေက နှလုံးရောဂါဖောက်လာလို့ ဆေးရုံတင်ထားရတယ် "

" Shit! "

Pete သည် အိမ်အကူ ရဲ့ စကားကိုကြားပြီးနောက် ကျစ်ခနဲ စုတ်သတ်လိုက်ပြီး ကားသော့ကို ကောက်ယူလိုက်ကာ ထွက်ခွာသွားခဲ့သည်။ ထို့နောက် ကားပေါ်သို့ တတ်ပြီး အရှိန်ပြင်းပြင်းနဲ့ ဆေးရုံသို့ မောင်းသွားခဲ့သည်။ အဲဒီအချိန်မှာ သူ့အဖေကို စိတ်ပူနေတာမို့ သူ့ရဲ့လုံခြုံရေးကို ဂရုမစိုက်တော့ဘဲ ဆေးရုံကို အမြန်‌ ရောက်ဖို့ သူ့ကားကို အရှိန်မြှင့်ပြီး မောင်းနှင်ခဲ့တယ်။

Papa & DaddyWhere stories live. Discover now