Chapter 13

415 46 1
                                    

" Pete ... မင်းလိမ်နေတာ ဟုတ်တယ်မလား "

" ငါလိမ်နေတာမဟုတ်ဘူး Vegas "

Pete က Vegas ဘယ်လိုခံစားရမလဲဆိုတာကို မစဉ်းစားဘဲ ပြန်ဖြေလိုက်တယ်။

Vegas က ခေါင်းကို ‌ခါယမ်းကာ ရယ်မောလိုက်တယ်။ Pete ပြောနေတာတွေကို မယုံသေးဘဲ Pete က သူ့ကို အဝေးသို့ မောင်းထုတ်ဖို့ ကြိုးစားနေတာလို့ပဲ သူယုံကြည်နေတာ။

ကြမ်းပြင်ပေါ် ကနေထလိုက်ပြီး Pete ဆီသို့ လျှောက်သွားလိုက်တယ်။ Pete ရဲ့ ရှေ့မှာ ဒူးထောက်လိုက်ပြီး သူ့ရဲ့လက်ကို Pete ရဲ့ ပေါင်ပေါ်သို့ တင်လိုက်တယ်။ အခုအချိန်မှာတော့ Pete က Vegas ရဲ့ အမူအရာကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့် ဒီလို လုပ်မှ ဖြစ်မှာမို့လို့။

" Pete ကိုယ့်ကို အမှန်အတိုင်းပြောပြပါ... ဆက်ပြီးမလိမ်ပါနဲ့တော့ "

သူ့ ရဲ့ ညီသေဆုံးမှုက သူ့ကြောင့်ပါဆိုပြီး Pete ပြောလိုက်တဲ့ စကားကို ပြန်လည်ရုတ်သိမ်းပေးဖို့ Vegas က Pete ကို တောင်းပန်ခဲ့တယ်။

Pete ဆီက ရယ်သံ သဲ့သဲ့ ထွက်လာတော့...

Pete ရဲ့ ဒီလို အပြုအမူကို ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်ပြီး Pete ရဲ့ တုန့်ပြန်မှုကို သူအံ့အားသင့်သွားခဲ့တယ်။ Pete က သူ့ကို တစ်ခုခု ဖုံးကွယ်ထားတယ်ဆိုတာ သိလိုက်ကတည်းက Pete ရဲ့ ရူးမိုက်တဲ့ အပြုအမူ တွေကြောင့် သူကြောက်ရွံ့နေခဲ့တယ်။

" မင်းက အရူးပဲ Vegas... မင်းရဲ့ ညီကို ငါသတ်ခဲ့တယ်ဆိုတာသိတယ်မလား။ အသိစိတ်ရှိစမ်းပါ။ မင်းရဲ့ ညီကို သတ်ခဲ့တဲ့ လူသတ်သမားရဲ့ရှေ့မှာ ထိုင်နေတယ်ဆိုတာ သတိရစမ်းပါ "

Pete က နောက်တစ်ကြိမ် ရယ်မောရင်း အော်ပြောလိုက်တယ်။

" မဟုတ်ဘူး။ မင်းက လူသတ်သမားမဟုတ်ဘူး "

Vegas သတိလက်လွတ်စွာနဲ့ Pete ရဲ့ ရင်ဘက် အင်္ကျီစကို ဆွဲလိုက်ရင်း အော်ပြောလိုက်တယ်။

" Vegas မင်းရဲ ညီကို ငါသတ်ခဲ့တာပဲ။ မင်းငါ့ကို တရားစွဲဖို့ ဒါမှမဟုတ် ငါ့ကိုသတ်ဖို့ လုပ်မယ်ဆိုရင်တောင် ငါမင်းကို အပြစ်တင်မှာ မဟုတ်ဘူး "

Vegas သည် Pete ရဲ့ အပြုအမူကြောင့် စိတ်ဆိုးသွားကာ ချက်ချင်းပဲ Pete ရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးလိုက်တာမို့ နှုတ်ခမ်းက သွေးတွေ ထွက်လာခဲ့တယ်။

Papa & DaddyDonde viven las historias. Descúbrelo ahora