ကတိတွေပေးပီးမတည်နိုင်တဲ့အခါ...................
/////////
ဆေးရုံကုတင်ပေါ်တွင်ဆေးပိုက်များစွာဖြင့်အိပ်ပျော်နေသောလူသားလေး.
ငါးနှစ်...ငါးနှစ်ရှိနေပီမောင် မင်ကိုထားခဲ့တာ.....
နံဖူးပါ်ကျနေသောဆံပင်လေးအားသပ်တင်ပီးမောင့်ရဲ့မျက်နှာနုနုလေးကိုကိုင်နေခဲ့မိတယ်လူကတော့အတွေးဇုန်ထဲမှာပေါ့.....အဲ့နေ့က...........
မောင်နဲ့ချစ်သူသက်တမ်း၃နှစ်ပြည့်တော့မောင်က မင့်ဆီလက်ထပ်ခွင့်တောင်းခဲ့တယ်...
ပန်းခြံအတွင်းချယ်ရီပင်အောက်ရှိခုံတန်းလေးမှာ..
'မင်'
ဘောင်းဘီအိပ်ကပ်ထဲကလက်စွပ်ဘူးလေးအားထုတ်ကာမြေပြင်ပေါ်သို့ဒူးထောင်ချလိုက်ပီး...
"မောင့်ကိုလက်ထပ်နိုင်မလားမင်'
'ဟင့်...ရွတ်
'ဘာလို့ငိုတာလဲကွာ..မောင့်ကိုမြန်မြန်ပြောပါဦး..ရင်ခွင်ထဲဖတ်ထားချင်လို့'
'အင်းးရွတ်မင်လက်ခံပါတယ်မောင်'
မောင့်လက်ချောင်းသွယ်သွယ်လေးနဲ့မင့်လက်ကလေးကိုယူပီးလက်စွပ်လေးဝတ်ပေးလိုက်တယ်...
'လာပါဦးမောင့်ရင်ခွင်ထဲကို'
မောင့်ရင်ခွင်ထဲကိုဝင်ပီးတင်းကျပ်စွာဖက်တွယ်ထားလိုက်တယ်
'မင်အရမ်းပျော်တာပဲမောင်'
'မောင်လည်းပျော်တာပေါ့..ဒီနေ့လျောက်လည်ရအောင်မင်'
'အင်း....မောင်နဲ့တူတူညဈေးလည်းသွားချင်သေးတယ်'
'လိုက်ပို့မှာပေါ့'လာသွားကြမယ်'
'အင်း'
မောင့်လက်ကိုတွဲကာပန်းခြံအတွင်းမှလမ်းလျောက်ကာထွက်လာခဲ့တယ်.......
'မောင်'
"ဗျာ'
'ချယ်ရီတန်းဘက်လမ်းလျှောက်ချင်တယ်'
'သွားကြမယ်လေမင်'
'အင်း'
'မောင့်အချစ်ကချယ်ရီတွေကိုသဘောကျတာလား'
'အင်း..ချယ်ရီတွေကိုကြည့်ရတာသဘောကြတယ်'မောင်နဲ့တူတူပေါ့'
