Senior 🤎

128 9 0
                                    

//////

တက္ကသိုလ်ကျောင်းစတတ်ထဲက crush ကတဲ့ ကိုယ်ရဲ့စီနီယာ.....

စီနီယာကိုသဘောကျခဲ့တာ 4နှစ်ကျော်5နှစ်ပင်ပြည့်တော့မယ်...

တက္ကသိုလ်စစတတ်ချင်း ကန်တင်းမှာ အမှတ်မထင်ဝင်တိုက်ထဲက စီနီယာကိုသဘောကျခဲ့ရတာ ။ အခုတော့ကျောင်းတွေပီးလို့ ကျောင်းသားဟောင်းမိတ်ဆုံစားပွဲတောင်ရောက်နေပီ....

ဒီနေ့စီနီယာ လာမယ်လို့ ဂျယ်ဟီးဖုန်းဆက်အသိပေးတာကြောင့် မိတ်ဆုံစားပွဲကို တတ်ရောက်ခဲ့ခြင်း ။စီနီယာမှာချစ်သူ မရှိသေးရင်ဒီနေ့ပဲအရဲစွန့်ဖွင့်ပြောဖို့ဆုံးဖြတ်ပီးသား.. ကိုယ့်အတွေးနဲ့ကိုယ်ကြည်နူးနေစဉ် မီးရောင်အောက်က All black ဖင့်ဝင်လာသော သူ၏စီနီယာ "ဂျွန်ဂျောင်ကု"

စီနီယာက All black ဝတ်ရတာအရမ်းသဘောကျတာ 'အရပ်မြင့်မြင့် စတိုင်ကျကျရှိတဲ့စီနီယာက တကယ်ကိုရူးပစ်ချင်စရာ မေးရိုးသွယ်သွယ် နှုတ်ခမ်းပါးအောက်ကထင်းနေသောမှဲ့နက်လေးကိုလည်း မြတ်နိုးရတာအမော .....

စီနီယာကိုငေးနေတုန်းမှာပဲ ရုတ်တရက် စီနီယာလက်မောင်းကိုလာချိန်သောလက်တစုံ...

"ဟင်'

"ယန်....ယန်‌ဂျယ်ဟီး'

ဂျယ်ဟီးကကျွန်တော်ကျောင်းစစတတ်ထဲကအစအစအရာရာကူညီပေးခဲ့သောတဦးတည်းသော သူငယ်ချင်းမလေး ကိုယ့်အကြောင်းတွေတော်တော်များများကိုလည်းသူသိတယ် အထူးသဖြင့်စီနီယာအကြောင်းကိုပေါ့ စီနီယာကိုသဘောကျပါတယ်ပြောတုန်းက သူပဲကြိုးစားပမ်းစား စီနီယာနဲ့ပတ်သတ်တာကိုစုံစမ်းပီးလာပြောလေ့ရှိတယ်။အဲ့တာကြောင့် စီနီယာအကြိုက်တွေကိုအစအဆုံးအကုန်သိခဲ့ရတာ'အခုကဘယ်လိုဖစ်ပီ.....

ဟက်...အေးပေါ့လေ ကိုယ်ကယောက်ကျားလေး သူကမိန်းကလေးပဲဘယ်တူမလဲ ..မျက်လုံးများဝေးဝါးလာတာကြောင့်ပါးထက်သို့စမ်းကြည့်ကာ ကိုယ်မသိလိုက်ခင်မှာပဲမျက်ရည်များဟာမြေပြင်ပေါ်သို့...ထို့နေရာမှမျက်နှာလွှဲကာမျက်ရည်များကိုအကြမ်းပတမ်းဆွဲသုတ်လိုက်မိတယ်။

"ဂျီမင် မင်းကလည်းငါကပျောက်လို့လိုက်ရှာနေတာ'

"အေး ငါနည်းနည်းသောက်မလားလို့'

Jikook One ShortsWhere stories live. Discover now