//////////////
*လူတွေကစိတ်ပင်ပန်းမှုတွေ များလာတာနဲ့အမျှအေးချမ်းမှုကိုရှာဖွေလာကြတယ်....
ကျွန်တော်လည်းအေးချမ်းရာကိုနှစ်သက်တယ်...တယောက်တည်း နေရတာကိုပိုလို့ပင်သဘောကျတယ် ဘယ်လောက်ပဲတကိုယ်ကောင်းဆန်တယ်ပြောပြော အေးချမ်းရာရပ်ဝန်းလေးမှာပဲ အပူအပင်ကင်းစွာနေချင်တယ်။
အော်..ကျွန်တော့်နာမည်ကပတ်ခ်ဂျီမင်ပါ ကျွန်တော်က Switzerland နိုင်ငံရဲ့ရွာဟောင်းတရွာဖစ်တဲ့ Grindelwald ရွာမှာနေပါတယ်.. ဘာကြောင့်ကိုရီးယားလူမျိုးဖစ်ပီး Switzerland နိုင်ငံမှာနေနေတာလဲဆိုရင်...
ကျွန်တော်ပြောခဲ့သလိုပါပဲ ကျွန်တော်ကအေးချမ်းမှုကိုသဘောကျတယ်
အအေးချမ်းဆုံးနိုင်ငံလို့ပြောလိုက်တာနဲ့လူတိုင်းဟာ Swaziland နိုင်ငံကိုဝိုင်းလက်ညှိုးထိုးကြတာပါပဲ။
ကျွန်တော်ကခရီးတွေသွားရတာနှစ်သက်တယ် အိမ်ရယ်လို့အတည်တကျမရှိဘူး နိုင်ငံတွေလှည့်လည်သွားလာနေတုန်း Swaziland နိုင်ငံရဲ့ Grindelwald ဆိုတဲ့ရွာဟောင်းတရွာကို လာလည်ပတ်ရင်းကနေ အရမ်းသဘောကျလို့ ခရီးတွေဆက်မထွက်ဖစ်ပဲ ဒီနေရာလေးမှာပဲနေထိုင်ခဲ့တာအခုချိန်ထိဆိုပါတော့.....
Grindelwald ရွာလေးကိုလာရောက်လည်ပတ်ကျ သောခရီးသွားတွေ ကနိုင်ငံပေါင်းစုံတိုင်းလိုလိုပဲ ဘာသာစကား4/5မျိုးလောက်တတ်တဲ့ကျွန်တော်က ဘာသာပြန်လည်းလုပ်ပေးသလို သိချင်တာလေးတွေရှိရင်လည်းတခါတလေရှင်းပြရသေးတယ်။ ဤသို့ဖင့်ကျွန်တော်ရဲ့ တနေ့တာကိုအေးချမ်းစွာနဲ့လည်ပတ်နေထိုင်ခဲ့တယ်။ တယောက်သောသူနဲ့မတွေခင်အထိ အေးချမ်းတုန်းပါပဲ။ တယောက်သောသူ...အင်းးးးတယောက်သောသူပေါ့........
2021အစောပိုင်းလောက်ကဒီနေရာသူခရီးသွားသူတော်တော်များများလာရောက်လည်ပတ်ခဲ့တယ်။ အဲ့ထဲကမှကိုရီးယားလူမျိုး3ပုံ1လောက်ပါဝင်လာခဲ့တယ်။
လူအများဆုံးကတော့ဂျာမန်လိုပြောကြပီးတခြားဘာသာစကားတွေလည်းအနည်းနဲ့အများပြောဆိုဆက်ဆံကြတယ်။ ရာသီဥတုလည်းကောင်းမွန်ပီး ဇွန်လသည်မိုးရာသီဖစ်သည်။အခြောက်သွေ့ဆုံးလမှာ ဖေဖော်ဝါရီလဖစ်ပီး သိသာထင်ရှားတဲ့ဆောင်းရာသီဟာဆိုရင်တော့နှင်းများဖုံးလွန်းပီးအလွန်အေးသောရာသီဖစ်သည်။