My little Robot Prince
×××××××××××××××××××
Ep- 7
×××××
'' ဘာလို့ ငါတို့အကြောင်း junsu အမေကို မပြောလိုက်တာလဲ''
Changmin စကားကြောင်း ကျွန်တော် changmin မျက်နှာကို ကြည့်လိုက်သည်၊၊
'' ဘာရယ်ကြောင့် မှ မဟုတ်ပါဘူး''
Junsu က ကျောင်းအုပ်ကြီးရုံးခန်း သွားနေသဖြင့် changmin နှင့် ကျွန်တော် တို့နှစ်ယောက် ဘက်စကက်ဘောလေ့ကျင့်ရေးခန်းတွင် စောင့်နေကြသည်၊၊ အခန်းထဲတွင်တော့ ဘယ်သူမှမရှိ၊၊ ကျွန်တော်တို့ နှစ်ယောက်က အားပေးသည့် ထိုင်ခုံများတွင် တစ်ယောက်တစ်ခုံ ထိုင်နေကြသည်၊၊ ဒီနေ့ jaejoong က မေမေနှင့် သွားစရာရှိ၍ ဆိုလားအိမ်တွင် နေခဲ့သည်၊၊ နေ့ခင်းလိုက်လာမည်ဟုတော့ ပြောသည်၊၊
'' ငါတို့ junsu ကို စောင့်ရင်း အပြင်းအပြေ တစ်ပွဲလောက်ကစားရအောင်''
ကျွန်တော် ပြောပြီး ထိုင်ရာမှထက changmin လက်ထဲက ဘောလုံးကို ယူပြီး ကျွန်တော် ဂိုးပေါက်ထဲသို့ လှမ်းပစ်လိုက်သည်၊၊ changmin က ထိုင်နေဆဲ၊၊ ကျွန်တော် ဘောလုံးရှိရာ ပြေးကောက်ပြီး ဘောလုံးကို သူ့ဆီပစ်ပေးလိုက်သည်၊၊
'' လာစမ်းပါ,,, မင်းနဲ့ငါ ဘယ်သူ ပိုတော်လဲလို့''
ကျွန်တော် ထိုင်နေသည့် သူ့ကို လက်လှမ်းခေါ်လိုက်သည်၊၊ သူ ခြေထောက်အောက်ရှိဘောလုံးကို ကောက်ပြီး ဂိုးသွင်းရန် ကြိုးစားလိုက်သည်၊၊ ကျွန်တော် သူ့ ရှေ့မှ ကာကာ တားနေလိုက်သည်၊၊ ဒီကောင်က အားကစားတော့ တော်သည်၊၊ ငယ်ငယ်တည်းက အားကစားနှင့်ပါတ်သတ်ရင် junsu က changmin ကိုသာ အားကိုးသည်၊၊ အားကစားမှ မဟုတ်ပါဘူး junsu က changmin ကို အရာတော်တော်များများအားကိုးပါသည်၊၊ ကျွန်တော်နှင့် changmin မိနှစ်နှစ်ဆယ်လောက် ဆော့လိုက်တော့ မောပန်းလာကာ ကျွန်တော် ကြမ်းပြင် ပေါ်ပက်လက်လှဲအိပ်လိုက်သည်၊၊ changmin ကလည်း ကျွန်တော့် ဘေး တွင် လှဲအိပ်လိုက်သည်၊၊ မောပန်းနေ၍ သူရောကျွန်တော်ရော အသက်ရှုသံများ ကျယ်လောင်နေသည်၊၊
'' ကျေ:ဇူးပဲ yunho' ''
Changmin စကားကြောင့် ကျွန်တော် သူ့ မျက်နှာကို လှည့်ကြည့်လိုက်သည်၊၊ သူက ကျွန်တော့်ကို ကြည့်နေသည်၊၊