My Little Robot Prince
××××××××××××××××××××
Ep- 6
×××××
ညစာစားနေရင်း ကျွန်တော် အရှေ့မှာ ထိုင်နေကြသော junsu နှင့် changmin နှစ်ယောက်ကို စူးစမ်းကြည့်နေမိသည်၊၊ သူတို့နှစ်ယောက် ဘယ်တုန်းတည်းက ဖြစ်နေတာလဲ၊၊ သူတို့နှစ်ယောက်တွဲနေတာကို ဘာလို့ ကျွန်တော် မရိပ်မိတာပါလိမ့်၊၊ အမြဲလိုလို မြင်တွေ့နေရတာတောင် သူတို့ နှစ်ယောက် ချစ်နေတာကို ကျွန်တော် ယောင်လို့တောင် စိတ်မကူးမိခဲ့၊၊ စက်ရုပ်တွေနဲ့ ယူထားသည့် သူတွေရှိကြပေမယ့် အများစုက အိမ်ထောင် မပြုကြတော့သည့် ၊၊ မစွံနိုင်တော့သည့် လူပျိုကြီး၊ အပျိုကြီးတွေကသာ ကိုယ်တိုင်စက်ရုပ်များကို ဖန်တီးယူကြသည်က များသည်၊၊ အသက် 20 အရွယ် junsu အတွက်ကတော့ ဒါက မဖြစ်သင့်ဘူးမို့လား၊၊
'' junsu မင်း Jessica နဲ့ တွေ့ဖြစ်သေးလား''
''ဟမ်,,,, မတွေ့ဖြစ်ပါဘူး''
Junsu က changmin မျက်နှာကို အနည်းငယ်စောင်းကြည့်ကာ ညစာဆက်စားနေသည်၊၊ changmin က ကျွန်တော့် မျက်နှာကို စူးစိုက်ကြည့်နေသည်၊၊
'' မင်းတို့ တောင် ကျောင်းပြီးရင်လက်ထက်တော့မှာနော်''
Junsu က ကျွန်တော့်မျက်နှာကို ကြည့်ကာ ဘာမှ ပြန်မဖြေ၊၊ ဘာကြောင့်ရယ်မသိ ၊၊ junsu ဆီက ဖြေရှင်းစကားကို ကျွန်တော်ကြားချင်သည်၊၊ သူက ကျွန်တော့် ရဲ့ တစ်ဦးတည်းသော အချစ်ဆုံးသူငယ်ချင်းမို့လား၊၊ တစ်ဦးတည်းသောသားဖြစ်သည့် ကျွန်တော်နှင့် ညီအစ်ကို နှစ်ယောက်ရှိပေမယ့် 10နှစ်ကျော်အသက်ကွာဟနေသည့် သူနှင့်က ညီအစ်ကို ထက်ပင် ပိုရင်းနှီးခဲ့ကြသည်မဟုတ်လား၊၊ အခုလို ကိစ္စမျိုးကို သူ ကျွန်တော့်ကို အရင် ရင်ဖွင့်ပြောသင့်သည်မဟုတ်လား၊၊
ဒါမှမဟုတ် ကျွန်တော် တားမည်ကို သူကြိုသိနေ၍လား၊၊ ကျွန်တော် junsu ကို နှမျှော်သလို ခံစားမိသလိုပင်၊၊
'' Jessica က အရမ်းတော်တဲ့ ကောင်မလေးနော်၊၊ မင်းတော့ ကံကောင်းတယ် junsu ၊၊ သူက မင်းကို အရမ်းချစ်တာ''
ကျွန်တော့် စကားကြောင့် junsu ခေါင်းလေးငုံ့သွားသည်၊၊ junsu ဆီက သက်ပြင်းချသံ ခပ်တိုးတိုး ချသံနှင့်အတူ၊ changmin က junsu မျက်နှာကို လွမ်းစွက်ဖွယ် ငေးကြည့်နေသည်၊၊ changmin ၏ မျက်ဝန်းများကို မြင်တော့လည်း ကျွန်တော် စိတ်ထဲ အလိုလို သနားမိသလိုပင်၊၊ သူတို့နှစ်ယောက်ကို ကြည့်ရင်း ညနေက မြင်ကွင်းကို ရုတ်တရက် မြင်ယောင်လာကာ ကျွန်တော့် မျက်နှာ ခပ်နွေးနွေးဖြစ်သွားကာ ကျွန်တော် ဘေးတွင် ထိုင်နေသော jaejoong မျက်နှာကို အလိုလို လှမ်းကြည့်မိလိုက်သည်၊၊ ကျွန်တော်ကြည့်လိုက်သည်ကို သူက မျက်ဝန်းထောင့်က မြင်လိုက်ရသည်ထင် သူ ကျွန်တော့် ဖက်လှည့်ကြည့်လာသည်၊၊