My Little Robot Prince

2.5K 218 1
                                        

Ep- 9

××××××

ရသီဥတုက မိုးဖွဲဖွဲကျနေပြီး အနည်းငယ်အေးစိတ်နေသလိုပင်၊၊ ပြတင်းပေါက်မှ မြင်နေရသည့် မိုးစက်မူန်လေများနှင့် တိုက်ခိုက်နေသည့် လေနုအေးလေးက ကျွန်တော့်ရင်ကို မအေးချမ်းနိုင်ပါ၊၊ ကျွန်တော် စားပွဲပေါ်ရှိပန်းအိုးကို အဓိပ္ပါယ်မရှိ ငေးကြည့်နေမိသည်၊၊ ကျွန်တော့် ရှေ့တွင်ထိုင်နေသည့် changmin ကတော့ ကျွန်တော့် ကို ဘာမှမပြောပဲ တိတ်စိတ်နေသည်၊၊ ဒီအခြေအနေမှာ changmin ကိုယ်တိုင်လည်း ကျွန်တော့်ကို နုစ်သိမ့်ဖို့ စကားလုံးမရှိဘူးမို့လား၊၊ ညက ကိစ္စကြောင့် ကျွန်တော်နှင့် jaejoong တစ်ညလုံး အိပ်မပျော်၊၊ မနက်ရောက်တော့ jaejoong က junsu တိုက်ခန်းကို သွားရအောင်ပြောသဖြင့် ကျွန်တော့် တို့ junsu အိမ်တွင်ရှိနေခြင်းဖြစ်သည်၊၊ jaejoong က junsu အိမ်ရောက်သည်နှင့် junsu နှင့် အခန်းထဲဝင်သွားသည်၊၊ ကျွန်တော်ကတော့ ဧည့်ခန်းထဲတွင် ထိုင်နေခဲ့သည်၊၊ ဒီချိန်မှာ သူ ခံစားနေရမယ်မို့လား၊၊ သူ့ကို စိတ်တိုင်းကျ ခံစားဖို့ ငိုကြွေးဖို့ အချိန်ပေးသင့်သည်မို့လား၊၊

'' အဆင်ပြေမယ့်နည်းလမ်းလေးဘာလေးမရှိဘူးလား''

ကျွန်တော် changmin စကားကို ခေါင်းခါပြလိုက်ပြီး လက်နှစ်ဖက်ဖြင့် ဆံပင်ကို ထိုးဆွနေမိသည်၊၊

'' မသိဘူး,,,, ဘာဆက်လုပ်ရမလဲ''

ကျွန်တော့်ကို changmin က ငေးကြည့်နေလျှက်ပင်၊၊ ကျွန်တော် စိတ်တွေ ရှုပ်ထွေးနေမိသည်၊၊

''သူ့ အစားငါသာ ဖြစ်လိုက်ချင်တယ်ကွာ''

ကျွန်တော် နာကျင်စွာ ငြိးညူမိသည်၊၊ အိပ်ခန်းထဲမှ jaejoong ၏ ငိုရှိုက်သံသဲ့သဲ့ကို ကြားရချိန်တော် နှလုံးသားက နာကျင်နေမိသည်၊၊ ကျွန်တော်နှင့် chngmin ကတော့ အဓိပ္ပါယ်မဲ့စွာ ပြတင်း ပေါက်မှ မြင်ရသည့် မိုးစက်မှုန်များကို ငေးကြည့်နေကြသည်၊၊ ဧည့်ခန်းအတွင်း ကျွန်တော့်ရဲ့ သက်ပြင်းချသံသာ ခဏခဏကြားနေရသည်၊၊ အိပ်ခန်းထဲမှ ငို့သံတိတ်စိတ်သွားကာ ထိုအချိန် အခန်းထဲမှ junsu ထွက်လာသည်၊၊ junsu မျက်နှာက ညှိုးနွမ်းနေသည်၊၊ junsu က ကျွန်တော့်တို့ အနားလျှောက်လာပြီး ကျွန်တော့် ရှေ့ changmin ဘေးတွင် ဝင်ထိုင်လိုက်သည်၊၊ changmin က သူ့ဘေးရှိ junsu လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ထားသည်၊၊ ကျွန်တော် junsu ကို ကြည့်ကာ မေးငေါ့ပြလိုက်တော့

My Little Robot princeWhere stories live. Discover now