United Kingdom ( London )
_ ♡ _
London ~ ဒီတစ်ခေါက် ကျနော့်ရဲ့ ခရီးသွားနိုင်ငံထဲ နောက်ဆုံးမှတ်တိုင်ပေါ့ အမြဲသွားချင်ခဲ့မိတဲ့မြို့တော်တစ်ခု ငယ်ငယ်ကအိမ်မက်တစ်ခုအနေနဲ့ ဒီမြို့မှာပဲနေမယ်ဆိုပြီး စိတ်ကူးခဲ့ဖူးတဲ့အချိန်တွေတောင်ရှိခဲ့သေးတယ် အခုတော့ အသက် 24 နှစ်မှာ စိတ်လွတ်ကိုယ်လွတ်နဲ့ရောက်လာခဲ့ပြီ
England ဆိုတဲ့နိုင်ငံက Europe နိုင်ငံတွေထဲ အကြီးကျယ်ဆုံးနဲ့အခမ်းနားဆုံးနိုင်ငံတစ်ခု. Europe နိုင်ငံတွေထဲတော့ ကျနော်သဘောအကျဆုံး ထိပ်တန်းနိုင်ငံတစ်ခုပဲ.
ဥရောပနိုင်ငံကလူမျိုးတွေက ကြီးကျယ်ကြတယ်ဆိုရင် UK ထဲမှာမှ London မြို့တော်က British အင်္ဂလိပ်လူမျိုးတွေက အကြီးကျယ်ဆုံးပါပဲ ကိုယ့်အလုပ်ကို ကိုယ်သွားလိုရာကိုသာ အာရုံစိုက်နေကြတဲ့သူတွေ လမ်းမပေါ်ကိုယ်စီကိုယ်စီ.
အေးတဲ့နိုင်ငံတွေကို သဘောကျလှပါချည်ရဲ့ဆိုတဲ့ ကိုယ့်ကို London မြို့ကြီးကလှောင်နေပြီပဲ ဆောင်းရာသီဖြစ်တဲ့အချိန်ကိုမှ ရွေးသွားခဲ့တဲ့အပြင် မိုးတဖြတ် နှင်းတဖြတ်နဲ့ မြူတွေဆိုင်းနေတဲ့အချိန်ဆိုတော့ အေးတာမှခဲမတတ်ပင်
Hoodie တစ်ထည် Jacket နှစ်ထပ်လောက်နဲ့ Long coat ထူထူကြီးဝတ် မာဖလာပတ်ပြီး လက်မှာပူနွေးနွေး ကော်ဖီခွက်တစ်ခွက်ကိုကိုင်ထားပြီး Camera တစ်လုံးနဲ့လျောက်သွားနေမိတာ ညနေတောင်စောင်းနေပြီပေါ့
ညနေစောင်းလမ်းမထက်က platform ဘေးမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေနဲ့ဘားအသေးလေးတွေပလုံစီလို့ Mini bar လေးတွေဆို လမ်းဘေးပလက်ဖောင်းပေါ်အထိခုံတွေစီထားပြီး ရုံးဆင်းကျောင်းဆင်းလူမျိုးစုံနဲ့ ရှုပ်နေတဲ့အချိန်ပေါ့ Beer ခွက်တွေ အရက်ခွက်တွေကိုယ်စီကိုင်ပြီး သီချင်းသံနဲ့ယိမ်းထိုးနေတဲ့သူတွေနဲ့ ရီမောနေကြတာ ဘေးကလူပါ ပျော်စေမိတဲ့အထိပဲ.
ကျနော်ကတော့ Hotel ပြန်ရမှာဆိုတော့ ခပ်သွက်သွက်ပဲလျောက်ပြီး စားသောက်ဆိုင်တစ်ခုမှာဝင်စားမယ်လို့တွေးထားလိုက်တယ်
ကလင် ကလင် ~
"Hey လမ်းကို ဘေးကပ်လျောက်လေ တိုက်မိရင်ဘယ်လိုလုပ်မလဲ အမှုပတ်အောင်လုပ်နေတာပဲ"