"ငါ့ကို နမ်းချင်လို့လား"
ထိုစကားတစ်ခွန်းကြားပြီး သူ့နှုတ်ခမ်းတွေဆီမှ မျက်ဝန်းညိုတွေဆီသို့ ပြောင်းရွှေ့ ကြည့်မိသွားသည်
"Biu ကိုယ်..."
"Shh.... ဘာမှမဖြစ်ဘူး ရတယ်"
ကိုယ့်နှုတ်ခမ်းပေါ်လက်ညိုးလေးလာတင်ပြီး ပါးစပ်ပိတ်ခိုင်းနေတဲ့ ဒီကောင်လေးက သူ့ဟာသူတောင် ဘာပြောနေမိမှန်းတောင်သိမဲ့ပုံမပေါ် ပါ
ကိုယ့်ရှပ်အင်္ကျီကော်လံကိုဆွဲပြီးအနားကပ်လာတဲ့ကောင်လေး တကယ်ပဲ နမ်းလိုက်မလို့လား ဘာဆက်ဆံရေးမှအတည်တကျမရှိပဲနဲ့ သူတကယ်ပဲနမ်းနိုင်ရဲ့လား
မျက်လုံးလေးမှိတ်ကာ နှုတ်ခမ်းနားရောက်နေပြီဖြစ်တဲ့ထိုကောင်လေးကြောင့် ခန္ဓာကိုယ်တစ်ခုလုံးပူထူလာတဲ့အပြင် နားထင်ကသွေးကြောများပါခုန်ပေါက်နေသလိုပင်
၃စင်တီမီတာလောက်တောင်မကွာတော့တဲ့ အကွာအဝေးရောက်မှ တိမ်းရှောင်သွားပြီးကိုယ့်လည်ပင်းကြားထဲခေါင်းတိုးကာ ငြိမ်ကျသွားတော့သည်
"အဟက်"
တစ်ချက်တော့ ရီမိသွားသည် လုပ်ချင်တာလုပ်ပြစ်ပြီးမိုက်ရူးရဲဆန်တော့မှာလိုလိုနဲ့ ကြောင်ပေါက်လေးလို ခွေကျသွားတဲ့ ကောင်လေးကို အတော်ပင်အသဲယားမိသွားသည်"ဆေးလိပ် ပါလား"
လည်ပင်းနားမှာမှီနေတဲ့ကောင်လေးဆီက ရုတ်တရက် ထွက်လာသော စကားသံပင်"ငါ ဆေးလိပ်သောက်ချင်လာလို့ သောက်ပြီးရင် ခေါင်းမူတာပျောက်ပြီ"
"အင်း ခနလေးဖယ်ပေးဦး ကိုယ်ယူပေးမယ်"
ပြောကာ ခေါင်းထောင်လာပြီး ထိုင်နေတော့သည်
ကိုယ်လည်း ရံဖန်ရံခါဆေးလိပ်သောက်တတ်တဲ့သူမလို့ အိတ်ထဲတော့ အမြဲဆောင်ထားတတ်သည်လေဟိုဘက်ခုံကကိုယ့်အိတ်ဆီသွားပြီး ဆေးလိပ်တစ်လိပ်ထုတ်ယူကာ သူ့ဆီပေးလိုက်သည်
ဆေးလိပ်ကိုလှမ်းယူပြီး နှုတ်ခမ်းပေါ်တင်ကာ ကိုယ့်ကိုလှမ်းကြည့်လာသည်
မျက်လုံးဝိုင်းဝိုင်းလေးတွေက မလင်းလှတဲ့ မီးအမှောင်ထဲမှာတောင် အရောင်တောက်နေသလိုပင်"ဆေးလိပ်က ဝါးစားရမှာလား"
"Ohh sorry ကိုယ်မေ့သွားတာ"
ဟုတ်သား ဆေးလိပ်ပေးပြီး မီးမှမညှိပေးမိတာ
မီးခြစ်ယူပြီး သူ့နှုတ်ခမ်းမှာခဲထားတဲ့ဆေးလိပ်ကို လှမ်းကာမီးညှိပေးလိုက်သည်