Part IV

349 14 1
                                    

25.12.2022
London ( Christmas Day )

ဒီနေ့က Christmas နေ့ဆိုတဲ့အတိုင်း လမ်းမပေါ်နဲ့ လမ်းကြားတွေထဲနေရာအပြည့် Christmas Theme Decoration တွေနေရာယူထားတော့သည်

နေ့ခင်းဘက်တောင် ဒီလောက်လှတာ ညဘက်ဆိုမြို့တော်ရဲ့ မြင်ကွင်းနဲ့ ဒီပြင်ဆင်မှုတွေကအတော်ကိုလှနေမှာပင်
ကိုယ့်မွေးနေ့ဖြစ်တဲ့အပြင် အဲ့ထက်အရေးကြီးတဲ့ထူးခြားမဲ့နေ့လေးဖြစ်နေတာမလို့ မနက်ထဲက စိတ်လှုပ်ရှားနေမိတာပင်

ကိုယ့်ရဲ့ကလေးဆိုးလေးကတော့ ညနေ 5 နာရီကျရင် သူ့ဆီလာခေါ်ပေးပါလို့ပြောထားတယ်လေ သူကတော့ တစ်နေကုန် မွေးနေ့အတွက် မုန့်လုပ်မှာမလို့ ညနေမှ လျောက်လည်ပတ်ရင်း သူ့အိမ်ကိုသွားမှာပင်

ကိုယ်လည်း နေ့လည်ခင်းဆိုတော့ နေရာစုံလျောက်သွားကြည့်ရင်း တစ်ယောက်သောသူကိုစဉ်းစာမိတာကြောင့် ရေခဲမုန့်ဝင်စားမိသေးသည် သူသာသိရင် တစ်ယောက်ထဲစားရကောင်းလားဆိုပြီး အထွန့်တက်ဦးမှာအသေချာပေါ့

နေ့လည်စာစားပြီး Buckingham palace ကိုသွားဖို့ဆုံးဖြတ်လိုက်သည် ဗြိတန် British အင်္ဂလိပ်လူမျိုးတွေရဲ့ ဂုဏ်အယူရဆုံး ကြွားဝါးချဲ့ကားလို့အကောင်းဆုံးဖြစ်တဲ့ ခမ်းနားတဲ့ တော်ဝင်နန်းတော်ကြီးပေါ့
အဲ့ကအပြန်ဆို ဟိုလူဆိုးကောင်လေးကို ဝင်ခေါ်ဖို့ကွက်တိပဲလေ ကိုယ်လည်း လျောက်ပတ်ကြည့်ပြီး အချိန်ကိုကြည့်လိုက်တော့ 4 နာရီကျော်နေပြီပင် 5နာရီအရောက်လို့လာခေါ်ခိုင်းထားတဲ့ သူဆီအခုသွားမှကွက်တိရောက်မှာမလား အချိန်မတိကျရင်လည်း သူကမကြိုက်ပြန်ဘူးလေ

Bus စီးပြီးလမ်းလျောက်ရင် မိနစ် 20 လောက်နဲ့သူ့အိမ်ရောက်တာမလို့ လောစရာတော့မလိုပါဘူး
Regent လမ်းသွယ်နားမှာပဲနေတာဆိုတော့ သူ့အိမ်နားမရောက်ခင် ဖုန်းကြိုဆက်ပြီး ရောက်တော့မှာဖြစ်ကြောင်းကြိုပြောထားရသေးသည်

5မိနစ်တောင်မကြာလိုက် သူ့အိမ်ရှေ့ရောက်တော့ တွေ့ပါပြီ ကိုယ့်လူဆိုးကောင်လေး ဒီနေ့တော့ နွေးနွေးထွေးထွေးလေးဝတ်ထားသည်ပင်
ခရစ်စမတ်နေ့ဆို တညလုံးနှင်းကျသည့်အပြင် အအေးဒီဂရီကလည်း ပုံမှန်ရက်တွေထက်မြင့်သည်လေ
အနွေးထည် Jacket တွေဝတ်ရတာမကြိုက်ဘူး သူ့ Style ပဲ့တယ်ဆိုပြီး ဘယ်တော့မှဝတ်လေ့မရှိတဲ့သူက ဒီနေ့တော့ Jacket အဖြူလေးထပ်ဝတ်ထားတာ အဖြူရောင်သိုးမွှေးလုံးလေးကဲ့သို့ပင်

ʜᴇᴀʀᴛ ꜰʀᴏᴍ ʟᴏɴᴅᴏɴWhere stories live. Discover now