မနက် 6 နာရီထပြီး ညက တစ်ညတာသာ ငှားအိပ်ခဲ့သည့် ဟိုတယ်မှ Check out လုပ်ကာ ထွက်လာလိုက်သည်.
7 နာရီဆို ကိုယ့် ဟိုတယ်က manage team လာမှာဆိုတော့ သော့ပျောက်ကြောင်းပြောပြီးအပိုပါတောင်းထားရတော့မှာပင် မနက်စာစားပြီးလမ်းလျောက်ကာ Lodon tower bridge ကိုသွားဖို့ဆုံးဖြတ်ထားသည်စက်ဘီငှားလို့ရတဲ့နေရာတွေရှိပေမဲ့ ကြီးကျယ်ခမ်းနားလွန်းလှတဲ့ London လိုမြို့မှာက ဈေးကလည်းသူများထက်အစစအရာရာမြောက်သေးသည်လေ လမ်းလျောက်ရင် ၁၅မိနစ်လောက်သာကြာမှာမလို့ မနက်စာစားပြီး လမ်းလျောက်ထွက်ခဲ့လိုက်သည်
( London Tower Bridge )
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. Lodon မြို့ရဲ့အမှတ်အသားတစ်ခုထဲအပါအဝင်ပေါ့
တံတားဘေးတစ်လျောက်မှာ ခရီးသွားတွေနဲ့ အလှဓာတ်ပုံရိုက်တဲ့သူတွေ အထိုက်အလျောက်ရှိနေကြသည်
ကိုယ်ကတော့ ရိုက်သင့်သလောက်ရိုက်ပြီး လည်ပတ်ကြည့်ရုံမျှသာ အချိန်ကိုကြည့်လိုက်တော့ 11 ခွဲနေပြီဖြစ်သည် မနေ့က စိတ်မရှည်တဲ့ထိုကောင်လေးနဲ့တွေ့ဖို့ ဖုန်းဆက်ပေးရဦးမယ်မလား 12မထိုးခင် 5မိနစ်အလိုမှာဆက်ဖို့ပြောထားတာမလို့ အချိန်ကွက်တိစောင့်ပြီး ဖုန်းဆက်ကြည့်လိုက်သည်- - - -
"Hello?""Hello Build Jakapan Hendrix လားခဗျ?"
"မနေ့ကတွေ့တဲ့သူမလား"
"ဟုတ်ကဲ့ Bible Wichapas ပါ မနေ့က Cash ကူညီပေးထားတာကို ပြန်ပေးဖို့အတွက် ကိုယ်ဘယ်ကိုလာခဲ့ပေးရမလဲဟင်"
"Tavistock လမ်းနားက Milk trian ဆိုတဲ့ Ice cream cafe မှာစောင့်နေပေး"
"သိပ်မဝေးဘူးပဲ အဲ့တာဆို ခနနေတွေ့မယ်နော်"
Tavistock လမ်းက London bridge ကနေသွားမယ်ဆိုရင် 3km လောက်ပဲဝေးတာမလို့ အတော်နီးလှသည် Milk train ဆိုတာ London မြို့ရဲ့နာမည်ကြီး Ice cream shop ထဲကတစ်ခုပေါ့
