🐰♡︎🐧(1)

541 31 2
                                    

Unicord
********

ဒီficလေးက fandom ပေါင်းဆုံ Tickets ဝယ်ဖို့ MOA fandomအ‌‌နေနဲ့ fiction project‌ေလးလုပ်တာ fund အတွက်  Commissionလာတောင်းတဲ့ SooKai ficလေးပါ။

Together Forever

(1)

အသစ်အဆန်းတွေကိုကြိုက်တယ် နေရာအသစ်‌ေတွသဘောကျတယ် အစားအစာအသစ်တွေကိုနှစ်သက်တယ် ဒါကကျွန်တော်ဝါသနာလေးတစ်ခုပါ။

တစ်ခုခုဆိုအရမ်းငြီးငွေ့လွယ်တဲ့လူတစ်ယောက်ရဲ့နှလုံးသားထဲမှာတော့တစ်ခြားလူတစ်ယောက်လုံးဝမငြီးငွေ့နိုင်ဘဲထည့်ထားမိတယ်။

အချိန်ကုစားတယ်တဲ့ သုံးနှစ်ဆိုတဲ့အချိန်မှာ လုံးဝမကုစားနိုင်ခဲ့ပါဘူး ဟင့်အင်း မကုစားချင်ခဲ့ဘူး။ ဒေါသနဲ့မာနတွေကြောင့် အစ်ကို့ရင်ကိုစုံကန်ပြီး ထွက်လာခဲ့တာ ဒေါသတွေမာနတွေမရှိတော့တဲ့အချိန်ကျ အရာရာခွင့်လွှတ်ပေးပြီး နာလည်‌ေပးတဲ့အစ်ကိုကအနားမှာမရှိတော့ဘူးလေ။

သိပ်ချစ်ခံခဲ့ရတော့မာန်တတ်ခဲ့တယ် အစ်ကိုကကျွန်တော်မရှိရင်မဖြစ်ပါဘူးဆိုပြီး အနိုင်ကျင့်ခဲ့တယ် တကယ်တော့ကျွန်တော်ကသာအစ်ကိုမရှိရင်မနေနိုင်တာ။ ဒါကိုအစ်ကို‌နဲ့ဝေးရာမှာနေကြည့်မှ အစ်ကိုရင်ခွင်ကအနွေးထွေးဆုံးဆိုတာကိုနာလည်ခဲ့တယ်။
အစ်ကို့ဆီကို ကျွန်တော်သေချာပေါက်ပြန်လာခဲ့မယ်။ အစ်ကိုကကျွန်တော့်အပိုင်ပဲဖြစ်ရမယ်။ Choi Soobinက Huening Kaiတစ်ယောက်ကိုပဲချစ်ရမယ်။

အရမ်းဆိုးတယ်ဆိုတာသိပင်မဲ့ သိပ်ချစ်လို့ဆိုးမိတာ နားလည်ပေးပါအစ်ကို။

နောက်မိနစ်30ကျရင်လေယာဉ်ဆိုက်တော့မယ်ဆိုတဲ့ လေယာဉ်မယ်ရဲ့စကားကိုကြားပြီးနောက် တွေးလက်စအတွေးကိုလက်စသက်ကာ ဖေဖေ၊မေမေ၊မမနဲ့ညီမလေးကိုတွေ့ရတော့မယ်ဆိုတဲ့စိတ်နဲ့တင်ပျော်နေတော့သည်။

Warmly Welcome Kai Kamal Huening
ဆိုတဲ့စာလေးကိုကိုင်ပီး မမကအင်ချွန်းလေဆိပ်မှာစောင့်နေသည်။

“ မမ ”

“Kaiလေး”

လူအုပ်ကြားထဲကနေမမဆီရောက်‌ေအာင်လာပြီးပြေးသာဖက်ပစ်လိုက်တော့သည်။

𝑻𝒐𝒈𝒆𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒗𝒆𝒓 (𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now