🐰 ♡︎🐧The End

387 32 3
                                    

Together Forever
Extra

Unicord
********

"ချွဲခါအီငယ် ပင်ပန်းနေတာကိုနေခဲ့တာမဟုတ်ဘူး"

အခုရက်ပိုင်းမှ အရေးကြီးတဲ့ projectတစ်ခုပြီးသွားတာမလို့ ငယ်ကိုအနားယူစေချင်သေးသည်။

"လိုက်တော့မလိုက်ချင်ပင်မဲ့ အစ်ကိုတစ်ယောက်တည်းလွှတ်ဖို့ စိတ်မချဘူး"

အစ်ကိုက ခပ်ဟဟရယ်သည်။ အသက်သုံးဆယ်အရွယ်အစ်ကိုက စတွေ့တုန်းကလိုကြည့်ကောင်းနေတုန်းပါပဲ။ ပါးချိုင့်နက်ကနစ်ဝင်သွားတိုင်း အကြိမ်ကြိမ်ရင်သက်ရှုမောရပြန်သည်။တရားဝင်လူသိရှင်ကြား လက်ထပ်ထားတာဖြင့် လေးနှစ်ကျော်ငါးနှစ်နီးပါးဖြစ်နေပြီ သဝန်တိုမှုကလျော့မသွားဘူးလေ။

Min Groupရဲ့ အပျော်စီးသ‌င်္ဘောပေါ်မှာစီစဉ်တဲ့ ပွဲအခမ်းအနားကို မလိုက်ချင်ပင်မဲ့လိုက်လာသည်။ ခဲ့နဲ့သလို စောင်းချိတ်ပြီး ပြောကြမဲ့ မစားရတဲ့အသားကို သဲနဲ့ပတ်ကြတဲ့ လူကုန်ထံအသိုင်းအဝိုင်းက လူတစ်စုနဲ့အစ်ကိုကိုစိတ်မချနိုင်ပါဘူး။

ခမ်းနားထည်ဝါတဲ့သင်္ဘောကြီးအပေါ်မှာ ကျော့ကျော့မော့မော့ဝတ်စားဆင်ယင်ထာူတဲ့ ချမ်းသာကြွယ်ဝတဲ့လူများဟာ အပြုံးပန်းတွေဝေနေကြသည်။ မျက်နှာကရွှင်လန်းနေကြပင်မဲ့ အချင်းချင်းပြိုင်ဆိုင်ပြီး တစ်ယောက်ပြိုလဲရင် တစ်ယောက်ဟားတိုက်ဖို့ ဝင်မလေးဘူး အဲလိုကောက်ကျစ်စဉ်းလဲနေတဲ့ပုံစံတွေများတဲ့နေရာမို့လို့ သဘောမကျပါ။

အစ်ကိုကတော့စီးပွားဖက်တွေနဲ့ စကားပြောနေပင်မဲ့ ငယ်ကတော့ ခပ်လှမ်းလှမ်းနေရာမှသာထိုင်နေတော့သည်။

"မတွေ့ရတာ ကြာပြီနော် Huening Kai"

သေလိုက်ပါတော့မတွေ့ချင်ဘူးဆိုမှ တည့်တည့်လာတိုးပြန်ပြီ ဂျန်အန်နာဆိုတဲ့မိန်းကလေးကလေ သူလဲသဘောကျတဲ့သူတွေ့ပြီး အိမ်ထောင်ရပ်သားကျနေပြီးက‌ေလး‌ေတာင်ရ‌နေပြီကို မရတဲ့အမဲသဲနဲ့ပတ်ချင်သေးတယ် သူ့မှာအခုထိအခဲမကြေနိုင်သေးဘူး။ သူ့အပြင်သူ့မိဘတွေ သူ့သူငယ်ချင်းတွေရဲ့ဇာတ်လမ်းထဲမှာ ကျွန်တော်ဟာဗီလိန်ကြီးပေါ့ သူ့ချစ်သူကိုပဲဖြတ်ခုတ်သွားသလိုနဲ့ မကြားတကြားခဲ့နဲ့ရသေးတာ သူ့အမော အခုလည်းလာပြန်ပြီ ဘာတွေပြောပြီး ပြသနာရှာအုန်းမယ်မသိ။

𝑻𝒐𝒈𝒆𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒗𝒆𝒓 (𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now