Together Forever
(3)
Unicord
********ပြသနာအိုးလေး Huening Kai မိုးလင်းတာနဲ့ပြသနာစလာပါပြီ။ ပထမဆုံးကျောင်းတက်ရမဲ့နေ့မှာ နှိုးစက်ကိုမှားချမိလို့ အိပ်ယာထနောက်ကျပြီး Bus မှီအောင်ပြေးနေရပါပြီ။
အပြေးလွန်ပြီး ခလုတ်တိုက်ကာ ချောပစ်လဲပါပြီ။ Busလည်းလွှတ်သွားပြီး ဒူးလည်းပွန်းသွားသည်။
ဆိုင်ကယ်တစ်စီးကအနားရောက်လာသည်။ ဒူးကလည်းမထနိုင်တာမလို့ မော့မကြည့်ဖြစ်တော့ပါ။ ရုတ်တရပ်ကျောပိုးလွယ်အိပ်ကနေ ဆွဲမခံလိုက်သည်။မော့ကြည့်မိတော့ သဘောကျမိတဲ့ ပါးချိုင့်ပိုင်ရှင်အစ်ကို။
ဘယ်လောက်ရှက်စရာကောင်းတဲ့မြင်ကွင်းလည်း သူ့ရှေ့မှာမှချော်လဲရတယ်လို့။"ဆိုင်ကယ်ပေါ်တက် ကျောင်းသွားမှာမလား"
"ကျွန်တော်ကိုပြောတာလာ"
"ဒီမှာ မင်းနဲငါနဲ့ရှိတာလေ"
"ဟို ....ဟိုဟာ .......နောက်ကတကယ်လိုက်လို့ရလား"
"မင်းပထဆုံးကျောင်းတက်မှာမလား နောက်မကျချင်ဘူးဆို ဆိုင်ကယ်ပေါ်တက် မလိုက်ချင်ဘူးဆိုလည်းနေတော့ ငါသွားတော့မယ်"
"ဟုတ် လိုက်မယ် လိုက်မယ်"
"သူ့စိတ်ကြီးပဲ ဒီမှာနာနေတာကို "ဆိုပြီးတိုးတိုးလေးတစ်ယောက်တည်းပြောနေမိသည်။
"ငါကြားတယ်နော် "
"မဟုတ်ပါဘူး ဘာမပြောပါဘူး" ဆိုင်ကယ်နောက်ကိုခွထိုင်လိုက်သည်။
အရှေ့ကလက်နှစ်ဘက်က လက်နုနုကိုလာဆွဲပြီး ခါးကိုကိုင်ခိုင်းသည်။
"ပြုတ်ကျပြီးမသာပေါ်ချင်လို့လား သေချာကိုင်ထားလေ"
အပေါက်ကလည်းဆိုးလိုက်တာဗျာ လူကိုလည်းအော်တာ ဆိုင်ကယ်နောက်ကတက်
ထိုင်ပီးခါးကိုမြဲအောင်ကိုင်ထားသည်။
ဘယ်ဘက်ရင်အုံမှ ရေနွေးစီးကြောင်းလေးတစ်ခုဖြတ်စီးသွားသလိုပဲ ရင်တွေတဒုန်းဒုန်းနဲ့ ညကကော်ဖီတွေအများကြီးသောက်မိထင်ပါရဲ့။ဟိုကလေးငြိမ်လိုက်လာတာပဲ မှောက်ရပ်လဲသွားလို့တကယ်စိတ်ပူသွားတာ ပုံစံကြည့်ရတာအသွေးအသားကနုနုနယ်နယ်ရယ် ပွန်းပဲ့သွားမှဖြင့် သူစိမ်းတစ်ယောက်ကိုစိတ်ထဲ ထည့်ဖူးတာဒါပထဆုံးပဲ။ သေချာသတိထားမိပါတယ် ပထမဆုံးစတွေ့ကတည်း ကြယ်တရာတွေလိုတောက်ပနေတဲ့မျက်လုံးနဲ့ကြည့်နေတဲ့နိုင်ငံခြားသားမျက်နှာပေါက်နဲ့ချစ်စရာကောင်းတဲ့ခွေးပေါက်လေး။မင်းနဲ့ရင်းနှီးချင်တယ်ကလေးရယ်။
YOU ARE READING
𝑻𝒐𝒈𝒆𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒗𝒆𝒓 (𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)
Fanfictionဒီအချစ်ကမင်းအပေါ် ထာဝရထက်တစ်ရက်ပိုသည်။ Commission #SooKai Short Story ဒီအချစ်ကမင်းအပေါ် ထာဝရထက်တစ်ရက်ပိုသည်။ Commission #SooKai Short Story