🐰♡︎🐧(2)

262 26 0
                                    

Together Forever
(2)


Unicord
********

လွန်ခဲ့သော(၈)နှစ်ခန့်က

"ကလေးတို့ရေ ကားပေါ်တက်လို့ရပြီ ပစ္စည်း တွေအကုန်ထည့်ပြီးပြီ"

"သမီးတို့တိုက်အကျယ်ကြီးနဲ့နေရတော့မှာပေါ့နော်"

"သားကတစ်ခန်းယူမှာနော် ဖေဖေ"

"စိတ်ကြိုက်ဖြစ်စေရပါ့မယ်ဗျာ"

ဒီနေ့ Huening family သိပ်ကိုပျော်နေကြပါသည်။ အိမ်ပိစိလေးကနေ အိမ်အကြီးကြီကို ပြောင်းရမှာပါ။ ‌လမ်းဘေးကစွပ်ပြုတ်ဆိုင်အသေးလေးပိုင်တဲ့ပိုင်ရှင်တွေကို သူဌေးရပ်ကွပ်ကို ဘယ်လိုလုပ်ပြောင်းနိုင်သွားတာလဲဆိုရင်တော့ ထီပေါက်လို့ပါ။ သမီးအငယ်ဆုံးလေးဖြစ်တဲ့ ဟီအဲ လေးက ထီရောင်းနေတဲ့အဘွားအိုကို သနားလို့ဝယ်လာရင်းနဲ့ ဝမ်သိန်း၅ထောင် ကိုပေါက်သွားတာပါ။

အိမ်ရှေမှာ စွပ်ပြုတ်ဆိုင်ကိုလည်း သေချာပြင်ဆင်ပြီး အိမ်အကောင်းစားကိုလည်းပြောင်းနိုင်သွားခဲ့သည်။ အရင်တုန်းက မဆင်းရဲပင်မဲ့ မချမ်းသာ မိသားစုတေ‌ွ ကျပ်ကျပ်တည်းတည်းနေခဲ့ရပင်မဲ့ အခုတော့ပြေပြေလည်လည် ဘဝမျိုးနဲ့နေရတော့မှာမလို့ စိတ်လှုပ်ရှားနေကြသည်။

လမ်းထဲကဝင်လာတာနဲ့ အိမ်ကြီးအိမ်ကောင်းတွေတန်းဆီပြီးတွေ့ရတော့သည်။ အဲ့ကတည်းမှအကြီးဆုံးနဲ့အလှဆုံးအိမ်လေး တစ်အိမ်ကို Huening Kai တစ်ယောက်မျက်စိကျမိသည်။ အိမ်ကလှပင်မဲ့ ဘာလို့အထီးကျန်နေတဲ့ပုံစံမျိုး ဖြစ်နေရတာပါလဲလို့တွေးမိသည်။ ခြံထဲမှာ ပန်းချီဆွဲနေတဲ့ကောင်လေးတစ်ယောက်ကိုတွေ့တော့ အမျိုးအမည်မသိတဲ့ခံစားချက်မျိုးဖြစ်မိသည်။ ဆံပင်ကကာလာစုံနဲ့ မျက်ရည်ဝဲပြီး ဝမ်းနည်းနေပုံပေါက်နေသည်။ ဆွယ်တာအပြာရောင်နဲ့ဘောင်းဘီအဖြူကိုလိုက်ဖက်စွာဝတ်ဆင်ထားပြီး မင်းသားရှုံးလောက်တဲ့ရုပ်ရည်ရှိသူက မလိုက်မဖက် မပျော်ရွှင်နေရတာလဲ။

မေးခွန်းထုတ်ခြင်းတွေမပြီးဆုံးခင် ကားလေးကတစ်ရွေ့ရွေ့နဲ့ အိမ်အသစ်ကိုရောက်ရှိလာပါသည်။

အိမ်လေးကသိပ်လှသည် ဒီရပ်ကွက်မှာအသေးဆုံးအိမ်ဆိုပင်မဲ့ အရင်နေခဲ့တဲ့အိမ်နဲ့ယှဉ်ရင်တော့ နန်းတော်အလားပဲ အကုန်လုံးသိပ်ပျော်နေကြသည်။

𝑻𝒐𝒈𝒆𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒗𝒆𝒓 (𝑐𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now