~ ၈ ~

123 14 10
                                    

[ Unicode ]
-----------------

🎶 တောင်ပေါ်မြေမှာတော်ဝင်ပိတောက်ပန်းမရှိပေမဲ့ ×× ဖြူစင်စေတနာအရိုးခံစိတ်ရင်းရှိကြတယ် ×× ချယ်ရီတွေရယ်ဧည့်ဝတ်မပြတ်ပါဘူးကွယ့် အချစ်ရယ်နော် လိမ်မာပါတယ်ဗမာမလေးစိတ်မညိုနဲ့ ××× ရွှေညာမြေကပိတောက်ဝါကိုသတိရတဲ့အခါ ×× ချယ်ရီကိုသာပန်ကာကျေနပ်ကွယ် 🎶

Express ကားပေါ်မှာမတိုးမကျယ်ဖွင့်ထားတဲ့စိုင်းထီးဆိုင်ရဲ့သီချင်းသံက တောင်ပေါ်မြေသို့သွားနေသောတည်တံ့စေ၏နားထဲသို့သာယာနာပျော်ဖွယ်ဝင်ရောက်လာခဲ့သည် ။ ဘေးပတ်ပတ်လည်ကိုကြည့်လိုက်တိုင်း မြင့်မားလှသောစိမ်းညို့ရောင်တောင်တန်းကြီးများဝန်းရံထားတာကိုမြင်ရတဲ့အခါ ကွန်ဒိုတိုက်ခန်းများဖြင့်လွှမ်းခြုံထားသောရန်ကုန်မြို့ပြနေလူသားတစ်ယောက်အဖို့ အမြင်ဆန်းသစ်နေမိ၏ ။ စိတ်ထဲမှာလည်းအလိုလိုလန်းဆန်းသွားကာ ရှူရှိူက်ရတဲ့လေထုကအစမတူညီတော့ ။ လတ်ဆတ်ကြည်လင်နေသောအေးမြမြလေညှင်းများမှာ ဆောင်းဦးရာသီဖြစ်၍လိုတာထက်ပိုပြီးလူကိုအေးစိမ့်စေပါသည် ။

ယခုမှနေပွင့်တုန်းရှိသေးတယ်ဆိုပေမဲ့ တောင်ကြီးမြို့ရဲ့ချမ်းအေးမှုကကျွန်တော့်ကိုငြိမ်းချမ်းစွာကြိုဆိုလျှက် ။ ဝတ်ထားတဲ့ hoodie ရင်ဘတ်ကိုပါခပ်တင်းတင်းဆွဲစေ့ရင်း ဟော်တယ်ကလာကြိုသောကားနှင့်ပဲအဆင့်သင့်လိုက်လာခဲ့လိုက်သည် ။ သန့်ရှင်းသပ်ရပ်ပြီးနေချင့်စဖွယ်ကောင်းလှတဲ့မြို့ကလေးမှာ ရှမ်းစကားသံတွေတဝဲလည်လည် ။ တိုင်းရင်းသားပေါင်းစုံအနေများကြတယ်ဆိုပေမဲ့ အများစုကတော့ရှမ်းလူမျိုးတွေဖြစ်တာမို့ဘယ်ကိုကြည့်လိုက်ကြည့်လိုက် ရိုးသားအေးဆေးလှသောတိုင်းရင်းသားတို့ရဲ့ဖော်ရွှေတဲ့မျက်နှာများကိုမြင်တွေ့ရစမြဲ ။

ဟိုးငယ်ငယ်တုန်းကတော့ မိသားစုနဲ့တစ်ခေါက်တောင်ကြီး အင်းလေး ကလောကိုဘုရားဖူးလည်ပတ်ခဲ့တာအနည်းငယ်မှတ်မိသေးသည် ။ ဒါကလည်း ဖေဖေနဲ့မေမေ့ရဲ့ပြဿနာတွေမစသေးခင်အချိန်ကမို့အတော်ကြာခဲ့ပါပြီ ။ သေချာတာတစ်ခုကတော့ တည်တံ့စေရောက်ဖူးတဲ့အချိန်တုန်းကထက်အများကြီးပိုလှပြီးပြောင်းလဲလာတာပါပဲ ။

ဝေး ( ongoing ) ေဝးحيث تعيش القصص. اكتشف الآن