စာမျက်နှာ - ၂

582 82 12
                                    

"နီရှီမူရာ ရီခီ.. ဒီအဖြေလွှာကဘာသဘောလဲ"

အတန်းပိုင်ဆရာလီက သူ့ရှေ့ကကျောင်းသားကိုကြည့်ရင်းစိတ်ညစ်ညူးစွာနဲ့ပြောလာတယ်။ ဒါ‌ပေမဲ့နီရှီမူရာ ရီခီဆိုတဲ့ကျောင်းသားက ဘာမှပြန်ပြောချင်ပုံမရဘူး။ ထုံးစံလို ထောင့်မကျိုးတဲ့မျက်နှာနဲ့ စကားတစ်ခွန်းတစ်လေတောင်မဟဘဲ ပေတေပြီးသာရပ်နေမြဲ။ အဲ့ဒီ့တော့ ပိုပြီးသွေးတက်ရတာက ဆရာဖြစ်သူကိုယ်တိုင်ပဲ ဖြစ်ရတယ်။ လွန်ခဲ့တဲ့လကမှ ကျောင်းပြောင်းလာခဲ့တဲ့ ဒီကျောင်းသားကို ဒီလောက်ထိဆိုးနေမယ်မှန်း သူမတွေးခဲ့တာတော့အမှန်ပဲ။

"မိဘခေါ်လာခဲ့"

"မရှိဘူး"

ထိုအခါမှ တိုတိုတုတ်တုတ်ထွက်လာတဲ့အသံ။

"ငါ့နှယ့်.."

မထီမဲ့မြင်လုပ်နေတဲ့ပုံစံကို သည်းမခံနိုင်တော့တဲ့အဆုံး ဆရာလီက laptopကနေတစ်ဆင့် ရီခီရဲ့ ကိုယ်ရေးအကျဉ်းအချက်လက်တွေကို ချက်ချင်းရှာဖွေချလိုက်တယ်။

Profile ဓာတ်ပုံနဲ့အတူ၊ ကျလာတဲ့ အချက်လက်တွေက သိပ်ကောင်းလွန်းနေတာတော့မဟုတ်ဘူး။စာသင်နှစ်နှစ်ဝက်အတွင်းမှာတင် ပြောင်းလာခဲ့ရတဲ့ကျောင်းက ဒီကျောင်းနဲ့ဆို တတိယမြောက်။ ထပ်တူညီနေတဲ့ အကြောင်းရာတွေက ရန်ဖြစ်မှု၊ ထိခိုက်စေမှုတွေချည်း။ အခုလည်း ပွန်းပဲ့နေတဲ့နှုတ်ခမ်းထောင့်စွန်းကို မြင်တွေ့နေရတာမို့ နီရှီမူရာ ရီခီတစ်ယောက် ရန်ဖြစ်ရတာကို ဘယ်လောက်ထိတောင် ခုံမင်နေလဲဆိုတာ သံသယဖြစ်စရာတောင်မလို။

စိတ်မောစွာ သက်ပြင်းတစ်ချက်ချပြီး အုပ်ထိန်းသူကိုဆက်သွယ်နိုင်မဲ့ အချက်လက်တွေကို ကြည့်ကြည့်လိုက်တော့ တွေ့လိုက်ရတာက 'လေပြည်'မိဘမဲ့ဂေဟာ။ ဆယ်သွယ်ရန်လိပ်စာမှာ ရေးထားတာက ဒီစာလုံး လေးငါးလုံးနဲ့ ဖုန်းနံပါတ်တစ်ခုအပြင်မရှိ။

"အဟမ်း..မရှိလဲ အုပ်ထိန်းသူ တစ်ယောက်ယောက်တော့ခေါ်လာခဲ့.. စာမေးပွဲမှာဘာမှမဖြေခဲ့တဲ့ကိစ္စအပြင်၊ တစ်ပတ်မှာ လေးရက်လောက်ကျောင်းပျက်နေတဲ့အကြောင်းတွေကို မင်းရဲ့အုပ်ထိန်းသူကသိဖို့လိုတယ်၊ မင်းကိုယ်တိုင်ခေါ်မလာနိုင်ရင် ငါတို့က.."

𝗪𝗔𝗡𝗡𝗔 𝗕𝗘 ; 𝗛𝗢𝗢𝗡𝗞𝗜Where stories live. Discover now