널 향한
내 맘을 여기.ကိုကို့အတွက် ရည်ရွယ်ထားတဲ့
ကျွန်တော့်နှလုံးသားက ဟောဒီ့မှာလေ။Enhypen | Polaroid Love
♡♡♡
"တကယ်လမ်းသရဲလေးတွေပဲ"လမ်းတစ်ဖက်ကဂိမ်းဆိုင်ကို လှမ်းကြည့်ရင်း ရေရွတ်လာတဲ့ မေမေ့ရဲ့စကားသံကြောင့် ဆောင်းဟွန်းရဲ့အကြည့်တွေကပါ အဲ့ဘက်ကို အော်တိုလှုပ်ရှားသွားတယ်။ သူ့အရွယ် လူငယ်အုပ်စုတစ်စုကအကြောင်းပြချက်မယ်မယ်ရရမရှိဘဲ ဂိမ်းဆိုင်ရှေ့မှာစုရုံးစုရုံး၊ တစ်ချို့ဆို လက်ထဲမှာပါ စီးကရက်တကားကားနဲ့ ပျက်စီးနေလိုက်ကြတာများ။
အတွေးတွေကြောင့် သူ့မျက်နှာလေးက သူကိုယ်တိုင်တောင်မသိဘဲ ရှုံ့မဲ့သွားမိတဲ့အခိုက်မှာ၊ သူ့ဘက်တည့်တည့်ကြီးလှည့်လာတဲ့တစ်ယောက်နဲ့ အကြည့်တွေချင်းဟာ တန်းခနဲ။ စူရဲရဲမျက်ဝန်းတွေကြောင့် အကြည့်လွှဲပစ်ကာ အယောင်ယောင်အမှားမှားနဲ့လုပ်မိလုပ်ရာက စောနလေးတင်ဝယ်လာတဲ့ ကော်ဖီပူပူတွေကို မော့သောက်မိသွားတာ။
"အား! ပူလိုက်တာ!"
"ဒီကလေးကတော့ ကော်ဖီပူပူကြီးကိုမော့သောက်ရတယ်လို့"
မေမေကတော့ ဘေးကနေကရုဏာလေသံနဲ့ဆူတယ်။
အပူဒဏ်ကြောင့်မျက်ရည်စတွေပါထွက်လာတဲ့ဆောင်းဟွန်းကတော့ မကျေမနပ်နဲ့ ဟိုကောင်လေးရှိရာကို လှမ်းကြည့်မိတယ်။ သတိလက်လွတ်မော့သောက်မိတာ သူဆိုပေမဲ့၊ အဲ့လိုဖြစ်အောင် ဖန်တီးတဲ့သူကလည်း တာဝန်မှမကင်းဘဲ။ သူကြည့်တာမြင်တော့ မေးငေ့ါပြရင်း မျက်ခုံးတစ်ဖက်ပါပင့်ပြလာတဲ့သူ။ ပြုံးစစဖြစ်နေတဲ့ နှုတ်ခမ်းတွေက သူ့ကိုလာလှောင်နေတဲ့အတိုင်း။
မျက်ခုံးတွေတွန့်ချိုးရင်း စူပုပ်သထက်စူပုပ်လာတဲ့ ဆောင်းဟွန်းကိုကြည့်ရင်း တစ်ဖက်ကောင်လေးကတော့ ခပ်ဟဟရယ်လာပြန်တယ်။ ထောင်းခနဲထွက်လာတဲ့ ဒေါသကြောင့် ထိုထောင့်မကျိုးတဲ့မျက်နှာကို ကုတ်ဖဲ့ပစ်စိတ်တွေက တဖွားဖွား။ လက်ထဲမှာ အထုပ်တွေရှိနေလို့။ ပြီးတော့ ဘေးမှာမေမေရော။
ESTÁS LEYENDO
𝗪𝗔𝗡𝗡𝗔 𝗕𝗘 ; 𝗛𝗢𝗢𝗡𝗞𝗜
Fanfic#Wanna_be #Hoonki #Written_in_Burmese #Unicode_only Start - 17.8.2022