ဒုတိယဖြစ်တဲ့သူက အကောင်းဆုံးရှုံးသူတဲ့
သုံးပွင့်ဆိုင်အချစ် ဖြစ့်လာရင်တော့ ဒုတိယလူက
အကောင်းဆုံးအရှုံးသမားပါတဲ့ 'ဒုတိယလူ"
သီချင်းထဲမှာ အဲ့သလိုဆိုထားတော့ ယဲ့ယဲ့လေးပြုံးလိုက်မိတယ်
ပိုချစ်လူကပိုရှုံးရပါတယ် တစ်စုံတဲ့ရှိပီး အမျိုးသမီးလေးတစ်ယောက်် အတွက်ရည်ရွယ်ထားတဲ့ ဟောဒီ
ရင်ဘက်ထဲကဒဏ်ရာ နက်နက်ကလည်း ပိုနာကျင်ရပါတယ်
အသက်ရှင်သရွေ့ သူ့အပြုံးတွေကို တောင့်တစ်နေရာလေးမှာပဲ
ငေးကြည့်နေပါရစေ ...........
ကျတော်မဟုတ်တဲ့ အခြားတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ
ပျော်မြူးနေတဲ့ ရယ်သံလွင့်လွင့်လေးတွေကိုလည်း
ခိုးနားထောင်ပါရစေ........
ဟိုးးးးအမြင့်မှာရှိတဲ့လမင်းကြီးကိုလူပေါင်းများစွာက
ငေးကြည့်တာတဲ့ ဒါပေမဲ့လမင်းကြီးကတော့ လူတွေသူ့ကိုငေးကြည့်နေကြတာကို မသိ့ရှာဘူးတဲ့
အပြုံးလေးတွေ /ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းမရှိတဲ့ အညိုရောင်မျက်၀န်းတွေ /ဖမ်းဆုပ်ခွင့်မရတဲ့ မင်းလက်သွယ်သွယ်
လေးတွေကို လမင်းကြီးကိုငေးကြည့်နေသော လူသားတစ်ယောက်လိုမျိုး သေသည်ထိ ငေးကြည့်နေပါရစေ
.................(အကောင်းဆုံးအရှုံးသမားး)
.....(#willow)