1

2.1K 159 4
                                    

လူတွေက ခက်တယ်။
အဲ့ထဲမှာ ပါပါးနဲ့မာမားက ပိုခက်တယ်။
အခက်တကာ့အခက်ဆုံးကတော့ ဝမ်ရိပေါ်ကလေးပဲ...
                                 *********
ခင်များတို့ပဲစဉ်းစားကြည့်ဗျာ
အဲ...တကယ်တော့မစဉ်းစားနဲ့ နားပဲထောင်

ပါပါးနဲ့မာမားကပြောတယ်
ကျွန်တော့်ကို ကျပ်မပြည့်ဘူးတဲ့

သူငယ်ချင်းအပေါင်းအသင်းတွေကပြောတယ်
ကျွန်တော့်ကို အရူးတဲ့

ဝမ်ရိပေါ်ကလေးကတော့ ချစ်စနိုးနဲ့နေမှာပါ
ကျွန်တော့်ကို မျက်နှာရူးတဲ့

ကောင်းကြသေးရဲ့လားဗျာ ကောင်းကြသေးရဲ့လား

ကျပ်ကိုပြည့်လွန်းလို့တောင် တစ်ပြားပိုနေသေးတာကို ကျပ်မပြည့်ဘူးတဲ့ ပါပါးနဲ့မာမားက ကျွန်တော့်ရဲ့မွေးစားမိဘတွေများလား

အရူးလို့လာခေါ်တဲ့သုံးစားမရတဲ့သူငယ်ချင်းတစ်သိုက်ကလည်း ကျွန်တော်က ဝမ်ရိပေါ်ကလေးရဲ့ အနာဂါတ်ခင်ပွန်းလောင်းဖြစ်နေလို့များ မနာလိုနေကြတာလားနော်

တကယ်တမ်း ကျပ်မပြည့်တာ ဝမ်ရိပေါ်ကလေးပဲနေမယ်
ရှောင်းကျန့်ရဲ့အချစ်တွေကို မမြင်နိုင်ကတည်းကိုက တစ်ခန်းလွတ်နေရှာတာ သနားပါတယ်
ကျပ်မပြည့်လည်း ဒီကကိုကိုရှောင်းကျန့်က ဝမ်ရိပေါ်ကလေးကို ချစ်ပါတယ်
ဝမ်ရိပေါ်ကလေးကိုချစ်တာလေ ဝမ်ရိပေါ်ရဲ့ပြည့်နေတဲ့ဦးနှောက်အခန်းတွေကိုချစ်တာမှမဟုတ်ပဲ
တစ်နေ့တော့ လွတ်နေတဲ့တစ်ခန်းကို ရှောင်းကျန့်ဖြည့်ပေးဦးမှပါလေ

ကျပ်မပြည့်ဘူးဆိုလို့ ဝမ်ရိပေါ်ကလေးကို အထင်မသေးစေလို
ဝမ်ရိပေါ်ကလေးက ရှောင်းကျန့်နဲ့ အတန်းအတူတူပဲ
အဲ...အခန်းတော့မတူဘူးပေါ့
မတူဆို စာတော်တဲ့ဝမ်ရိပေါ်ကလေးက အထက်တန်းနောက်ဆုံးနှစ်ရဲ့ roll no.1ကြီးဗျ
ဒီက ဝမ်ရိပေါ်ရဲ့အနာဂါတ်ခင်ပွန်းအလောင်းအလျာလေးကတော့ နှစ်ကျကျောင်းသားပေါ့
နှစ်ကျကျောင်းသားဆိုပြီး အထင်မသေးလိုက်ပါနဲ့
ဝမ်ရိပေါ်လေးကိုချစ်မိလို့ ဝမ်ရိပေါ်ကလေးရဲ့ကောင်းခြင်းမင်္ဂလာတွေကူးကုန်တာလားမပြောတတ်ဘူး ကိုယ့်အခန်းထဲကိုယ်တော့ အဆင့်တစ်ချိတ်ပါတယ်နော် ဟမ့်!

အချစ်ရူးကြောင့် ဝမ်ရိပေါ်ကလေး စိတ်ညစ်နေသည်Where stories live. Discover now