ရှောင်းကျန့် ဒီနေ့ ဝမ်ရိပေါ်ကလေးဆီက ပုန်းနေရပါပြီ။
ဝမ်ရိပေါ်ကလေး ဘယ်လိုအကျင့်ပုပ်ကြောင်း ခင်များလေးတို့ကိုပြောပြမယ်။အဲ့ဒီနေ့က နေသာနေခဲ့တာပေါ့...
ထုံးစံအတိုင်း ရှောင်းကျန့်က ပေါင်မုန့်နဲ့ နွားနို့ သွားပေးခဲ့တာ...။
အဲ့ဒီမှ ဇာတ်လမ်းက စတာပါပဲဗျာ။"ဝမ်ရိပေါ်ကလေးရေ ကိုကိုမုန့်လာပို့တယ်"
သွက်လက်တဲ့ခြေထောက်လေးတွေက ဝမ်ရိပေါ်ကလေးရဲ့ အခန်းရှေ့ကို တည့်မတ်စွာနဲ့ ခုန်ဆွခုန်ဆွလျှောက်လာရင်းပ်လိုက်တယ်။ဝမ်ရိပေါ်ကလေးကတော့ ရှောင်းကျန့်အနားကိုရောက်လာကာ ချောင်းဟန့်ပြီးခေါ်လာလေ၏။
"အဟမ်း ရှောင်းကျန့်"
"ခင်ဗျာ"
"စကားခဏပြောရအောင်"
"ဝမ်ရိပေါ်ကလေးဆန္ဒရှိမယ်ဆို ဘယ်အချိန် ဘယ်နေရာမဆို ကိုကိုရှောင်းကျန့်က အဆင်သင့်ပါဗျာ"
"အဟမ်း ခေါင်မိုးထပ်သွားရအောင်"
ဝမ်ရိပေါ်ကလေးက အရှေ့မှနေကာ ကော့တော့ကော့တော့ဖြင့် ထွက်သွားနှင့်လေပြီ။
ရှောင်းကျန့်ကတော့ ခြေလှမ်းကျဲကြီးများဖြင့် အနောက်မှ ခပ်လှမ်းလှမ်းလိုက်ခဲ့သည်။ခေါင်းမိုးထပ်ရောက်တော့ ဝမ်ရိပေါ်ကလေးက အတည်ပြောမလို့ထင်ပါရဲ့ မျက်နှာက တအားseriousဖြစ်လှသည်။
"ဘာပြောမလို့ ဒီလောက်အချိန်ယူနေရတာလဲ ဝမ်ရိပေါ်ကလေးရဲ့"
"ရှောင်းကျန့်က ငါ့ကို တကယ်ကြိုက်တာလား"
"ဟာ တကယ်ပေါ့ဗျာ အတည်ပေါ့"
ရှောင်းကျန့်၏ရင်ထဲ ဖိုးသိုးဖတ်သပ်ဖြစ်သွားရသည်။
ဒါ...ဒါ ဇာတ်ကားတွေထဲမှာဆို အဖြေပေးတော့မယ့်လက္ခဏာပဲ အဟိ!"အဟမ်း ယောက်ျားလေးအချင်းချင်းတွဲမှာဆိုတော့ Tတွေ Bတွေဆိုတာ ရှိတယ်မှတ်လား"
ဟောဗျာ ဝမ်ရိပေါ်ကလေးက ချစ်စရာလေး...။
ဒီကိုကိုနဲ့တွဲဖို့အရေး သူ့ခမျာကြိုးစားလေ့လာထားရှာတာ အဟစ်...
ခင်များတို့မှာတော့ အဲ့လိုကြိုးစားလေ့လာပေးမယ့်crushရှိလား!
YOU ARE READING
အချစ်ရူးကြောင့် ဝမ်ရိပေါ်ကလေး စိတ်ညစ်နေသည်