အထက်တန်းနောက်ဆုံးနှစ်၏ နောက်ဆုံးတန်းရှိ နောက်ဆုံးခုံတွင် ထိုင်ကာငိုင်နေသည်မှာ ဝမ်ရိပေါ်ကလေး၏ နှစ်ယောက်မရှိသည့် ကိုကိုရှောင်းကျန့်ပင်။
အီးမှန်ထားသလိုမျက်နှာကြီးဖြစ်နေတာကြောင့် ဘေးရှိအရူးတစ်...မှားလို့ သူငယ်ချင်းတစ်သိုက်မှာ ဘာမှမပြောရဲ။
မပြောရဲဆို ရှောင်းကျန့်၏ပုံစံက ယခုထိလိုက်လျှင်ပင် အော်ငိုတော့မည့်ပုံဖြစ်နေတာကြောင့်ပင်။
နေပါဦး...ထိလည်းငို မထိလည်းငိုမှာပဲ
အဲ့တော့ ငါ့သူငယ်ချင်းလေး ငိုပါစေဟိုက်ခွမ်းက ရှောင်းကျန့်၏ပုခုံးအား ခပ်တင်းတင်းဆုပ်ကိုင်ကာ
"မရွှင်မပျနဲ့ ဘာဖြစ်နေတာလဲ"ဟိုက်ခွမ်း၏ အပြုအမူနှင့် အပြောအဆိုဟာ ရှောင်းကျန့်၏မျက်ရည်ခလုတ်အား ဂျောက်ခနဲဖွင့်လိုက်သလိုပင်။
"အီးဟီး...ဟိုက်ခွမ်း"
"ဟာ ဟျောင့် မင်းကအဲ့လိုကြီးမငိုနဲ့လေကွာ"
"ဝမ်ရိပေါ်ကလေးကလေ သိလား အီးဟီး...."
ဟိုက်ခွမ်းမျက်နှာကြီး မဲမှောင်သွားရသည်။
ကိုယ်ကတော့ ကိုယ့်သူငယ်ချင်း ဘာတွေများဒီလောက်ဝမ်းနည်းနေသလဲပေါ့ စိတ်ပူလိုက်ရတာ။
သကောင့်သားအချစ်ရူး အဲ...ဝမ်ရိပေါ်ရူးက ဝမ်ရိပေါ်ကလွဲ ဘာမှမမြင်တာကို မိနစ်ပိုင်းလောက်မေ့သွားတယ် ဟင်း..."မင်းရဲ့ဝမ်ရိပေါ်ကလေးက ဘာလုပ်လိုက်လို့လဲ ပြော"
"ရက်စက်တဲ့ဝမ်ရိပေါ်ကလေးကလေ နောက်ကျ ငါမွှေးမွှေးပေးရမယ့်လက်နုနုကလေးနဲ့ ခေါင်းကိုခေါက်လိုက်တာ သိလား
ငါ့ကိုလည်း မချစ်ဘူးပြောသေး အီးဟီး"ဟိုက်ခွမ်း အနည်းငယ်စဉ်းစားသွားရသည်။
ဝမ်ရိပေါ်ဆိုတာ တည်ငြိမ်ပြီးချေလိုက်တာမှ လွန်ရော...
ချေမှာပေါ့ သူက roll 1လေ"ဟျောင့် ငါစဉ်းစားမိတာ တစ်ခုရှိတယ်ကွ"
ဟောက်ရွှမ်းက ဟိုက်ခွမ်းရှိမနေတဲ့တခြားဘက်ကနေ ရှောင်းကျန့်ပုခုံးကိုဖက်ရင်းပြောလိုက်သည်။
"ဘာတဲ့လဲ..."
ရှောင်းကျန့်က ငိုထားတဲ့မျက်လုံးရဲရဲလေးနဲ့ စိတ်ဝင်တစားမော့ကြည့်ရှာသည်။
YOU ARE READING
အချစ်ရူးကြောင့် ဝမ်ရိပေါ်ကလေး စိတ်ညစ်နေသည်