ဖေဖေ နှင့် မေမေ ရန်ကုန်လိုက်လာခဲ့စဉ်က ဘုန်း ပျော်ခဲ့ပါသည်သို့ပေမယ့် ဘုန်း အပျော်က ခဏပါ
သူ မချစ်သော လရိပ်ကို လက်ထပ်ရမည်တဲ့
သူနှလုံးသားထဲက အကြင်နာကို စွန့်လွှတ်ရမည်တဲ့
တရားလား ဖေဖေ နှင့် မေမေ
သို့ပေမယ့် မိဘစကားကို ဘယ်သော အခါမဆို တသွေမတိမ်း လိုက်နာတတ်သည့် ဘုန်း အတွက် နောက်ဆုံးတွင် လရိပ် ကို လက်ထပ်ရန် လက်ခံခဲ့ရလေတော့သည်
မင်္ဂလာပွဲ ပြီးတော့ သူငယ်ချင်းတွေကို ဧည့်ခံပြီး လူက ခြေပင်မခိုင်တော့ လူ လည်း ရီဝေဝေဖြင့် လရိပ် နှင့် သူအြခန်းသို့ ပြန်ခဲ့လေသည်
"ဒေါက် ဒေါက် "
လရိပ် တံခါးခေါက်သံကြောင့် တံခါးထဖွင့်ပေးတော့ အခန်းရှေ့ ဇာတ်ကျိုးနေလေသော ဘုန်းကို တွေ့လိုက်ရလေသည်
"ဘုန်း ဘယ်လို ဖြစ်လာတာလဲ"
သူမ ဘုန်းကိုတွဲပြီး အခန်းထဲ ဝင်ခဲ့တော့
"ချစ်တယ် အကြင်နာ"
ရုတ်တရတ် တွဲထားသော သူမ လက်တွေကိုဖယ်ချလိုက်ပြီး သူမအား ပွေ့ဖက်ကာ နှုတ်ခမ်းပါးလေးတွေအား နမ်းရှိုက်လျှက်
လရိပ် ရုန်းရင်း တွန်းဖယ်သော်လည်း သူလက်တွေက မြဲမြံလျှက်
နောက်ဆုံး လရိပ်သိလိုက်ရသည့် အသိက မွေ့ယာနှင့် ကျောပြင် ထိကပ်သွားစဉ်မှာ လရိပ် မျက်ရည်တွေ နှင့် ခါးသီးသော ည တစ်ည အဖြစ်
📖📖📖📖📖📖📖📖📖📖📖📖ဘုန်း အိပ်ယာ နိုးလာတော့ မနက် ၈နာရီ ရှိလေပြီ
ခေါင်းတွေကိုက်နေသဖြင့် ခေါင်းကို လက်ဖြင့်ဖိရင်း အိပ်ယာမှ ထလိုက်စဉ်
"ရော့ ဒီမှာ သံပုရာရည်"
လရိပ်ကမ်းပေးသော သံပုရာရည်ခွက်ကို ယူပြီး သူ မော့သောက်လိုက်ပြီး
"ကျွန်တော် နဲ့ ခင်ဗျား ညက ဘာဖြစ်ခဲ့သေးလဲ"
ဟင် ဘုန်းကို ကြည့်ပြီး လရိပ် ဘာပြန်ပြောရလေမလဲ မသိတော့ပေ
သူ အဖြေကို တုန့်ပြန်လိုက်သည့်က ခေါင်းခါခြင်း အဖြစ်သို့