မိုးထက် ရှင်လွန်း အိမ်လေးကို ဒုတိယ တစ်ကြိမ်ရောက်ခဲ့တော့ ခြံသော့လေး ခက်လျှက်ပင်
သူ တွေ့ချင်သော သူမကို မတွေ့ရတော့ စိတ်အတော်လေမိလေသည်
ထိုစဉ် ဘေးအိမ်မှ အဒေါ်တစ်ယောက်ကိုတွေ့လိုက်ရသဖြင့်
"အဒေါ် ရှင်လွန်းမေ တို့ ဘယ်သွားလဲ ခင်ဗျ"
"အော် မနေ့ကပဲ သူ့နေတဲ့ အုန်းတောရွာကို ပြန်သွားတယ်"
"အုန်းတော"
မိုးထက် ခဏမျှ စဉ်းစားလိုက်ပြီး
"အုန်းတော ရွာက ဘယ်မှာလဲ"
"အုန်းတော ရွာက ကြည်မြင်တိုင် တစ်ဖက်ကမ်း မြစ်ကမ်းနံဘေးက ရွာပဲ ရှင်လွန်းမေ က တို့က အဲ့ရွာ ဇာတိလေ"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ခင်ဗျ"
မိုးထက် စိတ်တွေရှုပ်စွာ အိမ်လေးကို တစ်ချက်ငေးကြည့်ပြီး
"မင်းက ပြေးဖို့ ကြိုးစားတော့ ကိုယ့်က လိုက်ရတော့မှာပေါ့ စိတ်ချပါ မင်းနဲ့ သမီးတွေ စီ ကိုယ့်မရောက်ရောက်အောင်လာခဲ့မယ်"
သူ့ ရင်ထဲမှာတော့ မျှော်လင့်ချက်တွေ ရှိနေဆဲပါ
သူမ နှင့် နီးစပ်ဖို့ ဘယ်လို အခက်အခဲရှိရှိ သူ့ အခက်အခဲ အားလုံးဖြတ်ကျော်မည့်သာ
📖📖📖📖📖📖📖📖📖📖📖📖"မေမေ"
မိုးထက် အိမ်ကို မရောက်တာကြာပြီ ဒီနေ့တော့ သူ အမေ ကို တွေ့ချင်စိတ်ကြောင့် အိမ်ကို ပြန်ခဲ့ခြင်းပါ
အဖေ ကတော့ သူ့ကို သိပ်ကြည်ပုံမရ
ကြည်တေိာ့လဲ ဘာအရေးလဲ
သူကရော ဂရုစိုက်မှာတဲ့လားဝေးသေး
အဖေ ဆိုသော သူကို သူ့ ဘဝမှာ ရှိသည့်ဟုပင် မထင်မိပါ
မီးဖိုးခန်းလေးထဲမှာ အိမ်ရှင်မ ပီပီ ဟင်းချက်နေသော မေမေ့ ကို သူ့အနောက်မှ ပွေ့ဖက်လိုက်တော့ အမေက သူ့ကို ပြုံးပြပြီး
"ပြောပါဦး အမေ့သား အိမ်လာတာ"
"သား ဗိုက်စာတယ် မေမေ"
"ခဏ အမေ သားအတွက် ထမင်းထည့်ပေးမယ်"
အမေ ရဲ့ လှုပ်ရှားမှုတွေကို သူ့ မျက်တောင်မခက်တမ်း ငေးကြည့်နေမိလေသည်