မနက် မိုးသောက်လင်းလေတော့ သမီး နှစ်ယောက်ကို ကျောင်းပို့ရန် ပြင်ပေးရပြန်ပါသည်သမီးတွေ ၂နှစ်အရွယ် အထိ သူဇာ နှင့် အတူနေခဲ့ပြီး ကျောင်းပြီးအောင် ဆက်တက်ခဲ့ရလေသည်
ဘဝမှာ အခက်အခဲမျိုးစုံဖြင့် ကြုံခဲ့ရလေတော့လဲ နောင်ကြုံလာမည့် အခက်အခဲတွေကို သူမ မမူတော့ပေ
သမီးတွေကို ကျောင်းပို့ပြီးပြန်တော့ သူမ အလုပ်ကို ပြေးရပြန်ပါသည်
ရှင်လွန်း အလုပ်က စားသောက်ကုန်ထုတ်လုပ်ငန်းရဲ့ အငယ်တန်းစာရေးတစ်ယောက်အလုပ်ရောက်တော့ စရင်းစစ်ထားသည့် ဖိုင်တွဲတွေစုကာ သူဌေးရှိရာ ထွက်ခဲ့လေရာ
"ဘုတ်"
လူတစ်ဦးဖြင့် ဝင်တိုက်မိပြီး သူမ လက်ထဲမှ ဖိုင်တွဲများ ပြုတ်ကျသွားရလေသည်
"Sorry ဗျာ ကျွန်တော် အရေးကြီးနေလို့ "
"ရပါတယ် ကိစ္စ မရှိ ဟင်"
ရှင်လွန်း ဖိုင်တွေ ကောက်ပြီး ပြန်အထ သူမ အား ကြည့်နေသော လူကို တွေ့လိုက်ရလေတော့ အံ့သြသွားရလေသည်
"ရှင်လွန်းမေ"
"ဦးမိုးထက်ယံ"
ရှင်လွန်း နှုတ်ခမ်းကို တင်းတင်းဖိကိုက်ရင်းလှည့်ထွက်မည့် ပြင်တော့ သူမ လက်ကို ဖမ်းဆွဲလိုက်သည့် သူကြောင့်
သူမ လက်ကို သူ့လက် အတွင်းက ရုန်းလိုက်ပြီး"ရှင် လူကြီး လူကောင်း မှန်ရင် ကျွန်မ လက်ကို လွှတ်လိုက်ပါ ဦးမိုးထက်ယံ "
စူးရဲနေသော သူမ အကြည့်တွေက သူ ကို ခဏ အတွင်း ပျာကြသွားမတက်ပင်
"ကိုယ့် မင်းနဲ့ စကားပြောချင်တယ်"
သူ စကားကြောင့် ရှင်လွန်း မျက်နှာကို မဲ့ပစ်လိုက်ပြီး
"ကျွန်မ တို့ ကြားမှာ ပြောစရာ စကား မရှိတော့ဘူး ဦးမိုးထက်ယံ"
"မင်းမှာ မရှိပေမယ့် ကိုယ့်မှာရှိတယ် ရှင်လွန်း"
"ဟော ရှင်လွန်းက မိုးထက်နဲ့ အတူရှိနေတာလား "
"အော် ဆရာ ရှင်လွန်း ဖိုင်တွဲတွေ လာပို့တာပါ"
"သြော် ဟုတ် ကျွန်တော် ရုံးခန်းထဲ သွားထားခဲ့နော်"