သူကို ဒေါသဖြစ်နေသော ရှင်လွန်း မျက်နှာလေးက ချစ်စရာကောင်းနေလေသည်
သူ့ သမီး နှစ်ယောက်ကို အောက်ပြန်ချပေးတော့ သမီးတွေက သူတို့ အနားမှ အလိုက်တသိ ထွက်သွားကြလေသည်
သူ ပြုံးတုံ့တုံ့ဖြင့် သူမကိုကြည့်ပြီး
"ကိုယ့်ခင်ပွန်း ခရီးဝေးက လာရတာ အမောပြေအောင် မပြောဘူး မျက်နှာက စူပုတ်နေတာပဲ"
သူမ မေးစေ့လေးအား ကိုင်ပြီးကျီစယ်မယ်ပြင်တော့ သူမက သူလက်ကို ပူတ်ထုတ်လိုက်ပြီး
"သွားစမ်းပါ အရူးလာထမနေနဲ့ "
"ဘယ်မှာရူးလို့လဲ အကောင်းကြီးရှိသေးလို့ ကိုယ့်ဇနီးနောက်လိုက်လာတာလေ"
"ရှင် ပြောလေကဲလေပါလား နေပါဦး ဦးမိုးထက်ယံ ဘယ်တုန်းက ရှင်ဇနီးလို့ ကျွန်မကို အသိအမှတ်ပြုလိုက်တာလဲ ကျွန်မကတော့ ကျွန်မရဲ့ ခင်ပွန်းလို့ ရှင်ဆီက ကျွန်မ ထွက်လာတဲ့ အချိန်ကတည်းက သတ်မှတ်မထားတော့တာ ကျွန်မ မှာ ခင်ပွန်းဆိုတာ မရှိဘူး သမီးနှစ်ယောက်ပဲရှိတယ်"
"ဟာကွာ "
ရှင်လွန်း စကားက သူရင်ထဲ လစ်ဟာသွားလျှက်
ဘာစကားမှ မဆိုဘဲ သူခြေလှမ်းတို့က အိမ်ကလေး ဆီသို့
"ဟိတ်လူ မပြန်ဘဲ အဲ့ဒါ ဘယ်သွားမလို့လဲ "
ခပ်စူးစူး ရှင်လွန်း အော်သံကြောင့် သူမျက်စိ မှိတ်ပြလိုက်ပြီး
"သဘောကောင်းတဲ့ ယောက္ခမကြီးဆီ သွားမလို့"
"ဘာ ရှင် ရှင်တော့နော်"
သူမကို အရေးမစိုက်သည့် မိုးထက်ကြောင့် ရှင်လွန်း ဒေါသအစီအရီဖြင့် ကျန်ခဲ့ရလေသည်
စိတ်ရှိတိုင်း ထုရိုက်ရင် ဒီလူသေတော့မယ်
📖📖📖📖📖📖📖📖📖📖📖📖အိမ်အထိ လိုက်လာပြီးမှ ပြန်လွှတ်ရင် မကောင်း ဟူသော မေမေ စကားကြောင့် သူမ သူကို လက်ခံလိုက်ရလေသည်
လက်ခံလိုက်ပေမယ့် စိတ်ထဲမှာတော့ မကျေနပ်နိုင်ပေ
ညနေစာ ထမင်းဝိုင်းလေးက မိသားစု စုံလင်၍ လား မသိ မိုးထက်ရင်ထဲ ပြည့်စုံသည်ဟု ထင်မှတ်ရလေသည်း