စိတ်က လူကို သတ်တယ်ဆိုတဲ့ စကားကို အစက မယုံခဲ့ဘူး။ ......
အခုတော့ အဲ့စိတ်ကပဲ ကိုယ့်ကိုသတ်နေတယ်ဆိုတာ သိလာတယ်။
ရုန်းလေပိုနစ်လေဖြစ်နေတဲ့ ဒီသံသရာကြီးထဲက အမြန်ပဲ ရုန်းထွက်ချင်မိတာပါ။......အားကိုးတကြီး လှမ်းဆွဲမိတဲ့လက်ဟာ ရေကိုလက်နဲ့လှမ်းဖမ်းဆုပ်ယူလိုက်သလိုပဲ မမိခဲ့ဘူး။ ....
ဘာလို့ အရာရာက ခက်ခဲနေလည်းဆိုတာကို အဖြေရှာမရဘူးဖြစ်နေတယ်။အဲ့အဖြေက ကိုယ်ကိုတိုင်ပဲလား?
ကိုယ်ကပဲ ကိုယ့်အတွက် ခက်ခဲစေတာလား?
အဓိက က ကိုယ်ဖြစ်နေလို့လား?
စတဲ့ ..... အတွေးတွေဝင်လာခဲ့တဲ့အခါ ကိုယ့်ကိုကိုယ်
ပိုပြီးမုန်းမိလာတယ် ကိုယ်ရဲ့ဖြစ်တည်မှု့တွေကို စိတ်ပျက်လာခဲ့တယ်။.....ခဗျားတို့ကော လူတစ်ယောက်ကိုပဲ တစ်ကြိမ်ပြီးနောက်တစ်ကြိမ် ထပ်ချစ်ဖူးကြလား?
လူတစ်ယောက်ကို ကိုယ့်ဘဝ ထဲ ဘယ်နှစ်ကြိမ်လောက် ဆွဲထည့်ဖူးလဲ?
ကျွန်မကတော့ တစ်စုံတစ်ယောက်ကိုပဲ ထပ်ခါထပ်ခါချစ်မိနေတာ အဲ့တစ်စုံတစ်ယောက်ကိုပဲ ထပ်ခါထပ်ခါ ဘဝထဲထည့်ချင်နေတာ ....ပြီးတော့လေ သိလား?
ကျွန်မက ရူးနေပြီ ဆိုတာပေါ့ .....ကျွန်မ ခံစားချက်နဲ့ ဖြစ်တည်မှု့ကို ဘယ်သူနဲ့မှမတူညီပဲ
ချစ်ပါတယ်ဆိုတဲ့သူ ကျွန်မကိုယ်တိုင်ကလည်း သူကပဲ ချစ်ပေးနိုင်တာလို့ လက်ခံထားပြီး ယုံကြည်ခဲ့တာ ....
အဲ့လိုလူကတောင် ကျွန်မ နဲ့ ဝေးရာကို ထွက်သွားခဲ့သည်တဲ့လေ.... ကျွန်မ ရူးလောက်သင့်တယ် မဟုတ်လား?ကျွန်မ ချောင်ပိတ်မိနေတာ အတွေးနွံဆိုတဲ့ ချောင်ပေါ့။....
ဒါပေမဲ့လေ သိလား? ဒါတွေဟာ သူ့ထက်မကောင်းတောင် သူ့လောက်နီးနီး ကျွန်မအပေါ်ကောင်းပေးပြီး ကျွန်မကို နားလည်ပေးနိုင်ပြီး လမ်းပြပေးတဲ့ သူနဲ့မတွေ့ခင်ထိပဲ ဆိုတာကိုလေ .... ( ကျွန်မ က ကောင်းခဲ့တယ်လို့ထင်နေပေမဲ့ တကယ်တမ်း အဖြစ်အပျက်တွေ စုံလင်သွားရင် သူဟာ ကျွန်မပြောခဲ့သလို ကျွန်မအပေါ်ကောင်းတယ်တဲ့ လူလို့ပြောလို့ရဦးမလား? )
YOU ARE READING
End
Romanceကျွန်မတို့ နှစ်ယောက်ရဲ့ တွေ့ဆုံခြင်းက အရမ်းရိုးရှင်းလွန်းခဲ့တယ်။ ဟော ခွဲခြားခြင်းကျပြန်တော့လည်း ရိုးရှင်းနေခဲ့ပြန်ပါတယ်။ ကျွန်မတို့နှစ်ယောက်ရဲ့ အချစ်တွေပဲမစစ်ခဲ့တာလား? ကံတရားကြောင့်ပဲလား ကျွန်မတို့ကိုယ်တိုင်ကြောင့်ပဲလား? ဒါမှမဟုတ် ကျွန်မကိုယ်တိုင်က...