3

70 13 0
                                    

Chae: ကျွန်မ အတွက် အခု အဆင်ပြေနေပါပြီ..... အရာရာဟာ အတိတ်မှာ ကျန်​နေခဲ့ပြီပြီးပဲလေ မ ရဲ့....

Jen: ယောင်း... ယောင်း တို့ကို 'မ' လို့ ခေါ်ဝေါ်သုံးနှုန်းလိုက်တာလား? ဟုတ်လား ယောင်း....🥺🥺

အမှန်တိုင်းပြောရရင် မ နဲ့ တွေ့ဆုံခွင့်ရတာကလည်း အဲ့အချိန်တုန်းက ကျွန်မ အတွက်တော့ အဆိုးထဲကနေ အကောင်းဆုံး ​တစ်ခုဖြစ်ခဲ့တာပါ...မ နဲ့ တွေ့ပြီး နောက်ပိုင်း ကျွန်မရဲ့ နေ့ရက်တွေက မ ကြောင့် လှပလာတယ်လို့ ဆိုရင်လည်း မမှားပါဘူး...

ဟုတ်ပါတယ် ကျွန်မ အဲ့ နာမ်စားလေးကို သုံးချင်နေခဲ့တာကြာပြီ ဒါမဲ့ ပြောမထွက်ခဲ့ဘူး ဖြစ်နေခဲ့တာ...အခုတော့ ဒီ 'မ' ဆိုတဲ့ နာမ်စားလေးကို 'Kim Jennie' ဆိုတဲ့ အမျိုးသမီးလေးတွက် ကျွန်မ သုံးခဲ့ပြီ။

Chae: ဟုတ်တယ်... ကျွန်မ အဲ့လိုခေါ်ချင်လို့..

Jen: တို့ အရမ်းသဘောကျတယ် ယောင်း
ပြီးတော့ သိပ်ပျော်တယ်..

Chae: အဲ့ဆို ဆက်ပြောမယ်နော်

Jen: ဟုတ်...နာကျင်လာရင် နားလိုက်နော်

Chae: ဟုတ်

ကြည့် မ က သိပ်အလိုက်သိတာ..... သိလာတဲ့ 2 နှစ်လုံးမှာလည်း ကျွန်မ စိတ်အဆင်မပြေစေမဲ့ အရာမျိုး အသေးမွှားလေးကစလို့ တခုမှ တစ်ခုမျှ မလုပ်ခဲ့ဖူးဘူး။...2နှစ်တာဆိုတဲ့ အချိန်က မများပေမဲ့ မ ရဲ့ ကျွန်မအပေါ်ထားတဲ့ မေတ္တာတွေက စစ်မှန်ကြောင်း ခံစားမိပါတယ်။

စစ သိတုန်းကဆို မ က ကျွန်မ အပေါ်ကောင်းသလောက် ကျွန်မ ကတော့ မ အပေါ်ကို ဆိုးခဲ့တာ ....

အကုန် ကျွန်မ သဘော ကျွန်မ ဆန္ဒအတိုင်းသာ
2 နှစ်ကျော်လုံး မ က ကျွန်မ ဘေးမှာ ရှိ့နေပေးခဲ့တာ... ​ပြောစရာမလိုအောင်ကို မ က အလိုက်သတိနဲ့ ဖြည့်ဆည်းပေးခဲ့တာ။...

ပြီးတော့ ' တစ်နှစ်အကြာမှာ မ ပြောလာတဲ့ တို့ ယောင်းကို မြတ်နိုးတယ်' ဆိုတဲ့စကားက ကျွန်မအတွက် နွေးထွေးတယ်လို့ ခံစားချက်မျိုး ဖြစ်ပေါ်စေခဲ့တာ... (အဲ့အချိန်တည်းက ကျွန်မ က "မ" ကို "မ" လို့ ခေါ်ချင်စိတ်ဖြစ်ခဲ့တာ ဒါမဲ့လည်း "မ" လို့ခေါ်ဖို့ တစ်နှစ်တောင် ကြာသွားခဲ့တယ် )

EndWhere stories live. Discover now